ရှေ့သို့
Image

ကစားကွက်အသာ ခြေစွမ်းအသာနဲ့ ပထမပိုင်းမှာတင် ကော်စတာရီကာကို ဂိုးပြတ်သွင်းထားတဲ့ စပိန် (ပထမပိုင်းရလဒ်)

11:23 PM, 23 November

စပိန် ၃ - ၀ ကော်စတာရီကာ 

အိုလ်မို (၁၁ မိနစ်)

အဆန်စီယို (၂၁ မိနစ်)

ဖာရန်တောရက်စ် (၃၁ မိနစ် P)


- စပိန်အသင်းကတော့ လူစာရင်းအပြောင်းအလဲ အများအပြားနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အထောင်တိုက်စစ်မှူးအဖြစ် အဆန်စီယိုပါဝင်လာပြီး ခံစစ်ပိုင်းမှာလည်း လာပေါ်တေးနဲ့ ရိုဒရီကို ဗဟိုခံစစ်နေရာတွေမှာ အသုံးပြုလာခဲ့ပါတယ်။ စပိန်ကွင်းလယ်က ဘာကာကြယ်ပွင့်အတွဲဖြစ်တဲ့ ပက်ဒရီနဲ့ဂါဗီကတော့ အသက်အရွယ်နဲ့ မလိုက်အောင်ကို ကောင်းလွန်းပါတယ်။ ဇာဗီနဲ့အင်နီယေစတာကို အစားပြန်ရလိုက်သလိုပါပဲ။ ကော်စတာရီကာ ဂိုးစည်းထိပ်မှာ အမြဲလိုလို ရှိနေတဲ့ လူငယ်နှစ်ယောက်ရဲ့ ဖန်တီးမှုတွေ၊ အယ်လ်ဘာရဲ့ ပေးပို့မှုတွေကနေ ၁၀ မိနစ် ၁ ဂိုးနှုန်းသွင်းကာ ပထမပိုင်းမှာတင် ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားပါတယ်။ 

#စပိန် ကော်စတာရီကာ