ရှေ့သို့

မျက်နှာသစ် ကစားသမားတွေနဲ့ စပိန်အသင်း ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဘာတွေလုပ်ပြမလဲ

4:55 PM, 23 November

ယနေ့ည ၁၀ နာရီခွဲမှာတော့ ဥရောပထိပ်သီးအသင်း တစ်သင်းဖြစ်သလို ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းလည်းဖြစ်တဲ့ စပိန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကော်စတာရီကာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂိုးသမားကနေ တိုက်စစ်ထိ မျက်နှာသစ်ကစားသမား အများအပြားပါဝင်နေပြီး ဝါရင့်ကွင်းလယ်လူ ဘတ်စ်ကွက်နဲ့အတူ ဆယ်ကျော်သက်နှစ်ယောက်ဖြစ်တဲ့ ပက်ဒရီနဲ့ ဂါဗီရော ဘာတွေလုပ်ပြနိုင်မလဲ။ စပိန်လက်ရွေးစင်အသင်းမှာ ပထမဆုံး အကြိမ် ရွေးချယ်ခံရတဲ့ နီကိုဝီလီယံလည်း ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်လို့ ဘီလ်ဘာအိုမှာလို အမိုက်စားခြေစွမ်းတွေ ပြသွားမလား။ အုပ်စုကြပ်ထဲရောက်နေပေမယ့် ခြေစစ်ပွဲတစ်လျှောက် ပြသခဲ့တဲ့ ခြေစွမ်းတွေအရ ကော်စတာရီကာကလည် ဝါရင့်သဘာရင့် ကစားသမားတွေရဲ့ အတွေ့အကြုံ၊ လူငယ်တွေရဲ့ ပါဝါမျှမျှတတပေါင်းစပ်ထားလို့ ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲပါပဲ။

စပိန်အသင်းပဲ အသာရသွားမလား၊ ရှေ့ပွဲတွေတုန်းကလို အောက်အသင်းဖြစ်တဲ့ ကော်စတာရီကာပဲ ခြေစွမ်းပြကစားသွားမလားဆိုတာကို ဘောလုံးစတားအယ်ဒီတာတွေကနေ ပွဲကြိုသုံးသပ်ချက် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

#စပိန် #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ