ရှေ့သို့
Image

ရော်နယ်ဒို ထွက်ခွာမှုကနေ ရရှိလာမယ့် ပေါင် ၁၆ သန်းနဲ့ ယူနိုက်တက် ခေါ်ယူနိုင်တဲ့ တိုက်စစ်မှူးများ

3:24 PM, 23 November

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားဖွယ် ရှိနေပါတယ်။ လစာအမြင့်ဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ထွက်ခွာမှုနဲ့အတူ ယူနိုက်တက်မှာ အသုံးစရိတ် ပေါင် ၁၆ သန်းခန့် ပိုထွက်လာခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ အသင်းမှာ ၁၆ လကာ ရှိခဲ့ပြီးနောက် လျော်ကြေးတစ်စုံတစ်ရာ မယူပဲ အသင်းနဲ့ စာချုပ်ဖျက်ကာ အပြီးထွက်ခွာတော့မှာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရရှိလာတဲ့ရန်ပုံငွေနဲ့အတူ တိုက်စစ်မှူးတစ်ဦးကို ဆောင်းရာသီဈေးကွက်မှာ အစားထိုးသွားဖွယ် အောက်ပါကစားသမား ၃ ယောက်ကတော့ ယူနိုက်တက်တို့ ဇန်နဝါရီမှာ ခေါ်ယူနိုင်တဲ့ တိုက်စစ်ကစားသမားတွေပဲ ဖြစ်ပါတယ်။

မမ်းဖစ်ဒီပေး(ဘာစီလိုနာ) - အားလုံးသိထားတဲ့အတိုင်း နယ်သာလန်သားဟာ ဇန်နဝါရီမှာ ဘာစီလိုနာကနေ ထွက်ခွာမှာပဲ ဖြစ်ပါတယ်။ စပိန်ကလပ်ကလည်း ဒီပေးကို အလွတ်နဲ့ အဆုံးရှုံးမခံနိုင်တာကြောင့် ပေါင် ၄.၃၅ သန်းခန့်နဲ့ ရောင်းထုတ်နိုင်ပါတယ်။ ဒီပေးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားနိုင်ခြင်းမရှိပဲ ၃ ပွဲသာ ကစားနိုင်သေးပေမယ့် လက်ရှိကျင်းပနေတဲ့ ကာတာကမ္ဘာ့ဖလားမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာပြသခဲ့တဲ့ ဒီပေးရဲ့ခြေစွမ်းအရ ယူနိုက်တက်အပါအဝင် သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေကို စိတ်တိုင်းကျစေခဲ့ပြီး ၂၈ နှစ်အရွယ် ကစားသမားကတော့ လွန်ခဲ့တဲ့ ၆  နှစ်က သူ့ကိုလိုင်ယွန်အသင်းဆီ ရောင်းခဲ့တဲ့ ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီက စတင်ရောက်ရှိခဲ့ပြီး နူးကမ့်မှာ ခြေစွမ်း မတည်ငြိမ်ပေမယ့်လည်း သွင်းဂိုး ၁၄ ဂိုး ပါဝင်ပက်သက်ထားတာကြောင့် ၁၆၄ မိနစ်ကိုတစ်ကြိမ် ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

မက်ဒီတာရီမီ (ပေါ်တို) - အီရန်သားကလည်း ပေါ်တိုကနေ ထွက်ပြီး ပိုကောင်းတဲ့ စိန်ခေါ်မှုတွေကို ရှာဖွေလိုနေသူ ဖြစ်ပါတယ်။ ဒါက ဇန်နဝါရီမှာဖြစ်လာဖွယ်ရှိပြီး စာချုပ်သက်တမ်းကလည်း နောက်ဆုံး ၁၈ လထဲကို ရောက်နေပါပြီ။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဒီရာသီပေါ်တိုအတွက် ၁၉ ပွဲကစားပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။ အင်္ဂလန်အသင်းကို ၆-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာလည်း တာရီမီက အီရန်ရဲ့အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လက်ရှိပေါက်ဈေးက ပေါင် ၁၇ သန်းဖြစ်ပေမယ့်လည်း ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်ပါတယ်။

မူဆာဒမ်ဘီလီ (လိုင်ယွန်) - ပြင်သစ်သားဟာ ၂၀၂၀-၂၁ ရာသီတုန်းက လိုင်ယွန်အတွက် ၃၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ၁၂ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်ပါသေးတယ်။ အလက်ဇန္ဒါးလာကာဇက်တီကို ပြန်လည်ခေါ်ယူခဲ့တာကြောင့်လည်း နေရာမရဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါ့အပြင် လာမယ့်ဇန်နဝါရီမှာလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဈေးပေါပေါနဲ့ ရဦးမှာပါ။

#မန်ချက်စတာယူနိုက်တက် #ဒီပေး #အပြောင်းအရွှေ့ #ရော်နယ်ဒို