ရှေ့သို့
Image

၂၀၂၂ကမ္ဘာ့ဖလား အုပ်စု (F) ဘယ်လ်ဂျီယံ - ကနေဒါ ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

2:22 PM, 23 November

ကွင်း - ဘင်အလီကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ

===============

ဘယ်လ်ဂျီယံ - လူကာကူ(သေချာပေါက်လွဲ)

ကနေဒါ - မရှိ

ဘယ်လ်ဂျီယံအသင်း အခြေအနေ

=============

ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်က နောက်ဆုံးအချိန်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဘယ်လ်ဂျီယံအနေနဲ့ အုပ်စုတွင်းမှာ ခရိုအေးရှားကိုသာ ကြောက်စရာရှိတာကြောင့် အုပ်စုပထမနေရာ မှန်းနိုင်ပါတယ်။

ကနေဒါအသင်း အခြေအနေ

==============

ကနေဒါအသင်းကတော့ ၃၆နှစ်အတွင်း ကမ္ဘာ့ဖလားကို ပြန်ရောက်လာတာဖြစ်ပေမယ့် အသင်းမှာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ဂျွန်နသန်ဒေးဗစ်၊ အယ်ဖွန်ဆိုဒေးဗီးစ်၊ လာရင်တို့က ဂိုးသွင်းစွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပြီး တစ်ကျော့ပြန် ကနေဒါကို ဘယ်အဆင့်အထိ ဆွဲတင်သွားမလဲ စောင့်ကြည့်ရမှာပါ။

ထူးခြားချက်များ

========

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၇ပွဲမှာ ၆ပွဲ နိုင်ထားပါတယ်။

ကနေဒါအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၃ပွဲဆက် နိုင်ထားပါတယ်။

ခန့်မှန်းချက်

======

ဘယ်လ်ဂျီယံအသင်းဟာ ခြေစစ်ပွဲအဆင့်မှာ ၈ပွဲကစား ၆ပွဲနိင်ပြီး ဒုတိယနေရာက ဝေးလ်ကို ကျော်ဖြတ်ကာ တိုက်ရိုက်ခြေစစ်ပွဲအောင်လာခဲ့တာပါး ကနေဒါကတော့ ကွန်ကာကက်ဖ်မှာ မက္ကဆီကိုအား ဂိုးကွာခြားချက်နဲ့အသာရကာ ယခုအဆင့်ကို တက်ရောက်လာခဲ့တာပါ။ ဘယ်လ်ဂျီယံက အကြောပေးမှုတွေ ကျလာပေမယ့် ကနေဒါနဲ့အတွေ့မှာ အနည်းဆုံး၁ဂိုးလောက်နဲ့ နိုင်နိုင်တာကြောင့် အိမ်ရှင်ကိုပဲ ကြိုက်ပါတယ်။

.

ဘယ်လ်ဂျီယံ - ကနေဒါ ထိပ်တိုက်တွေ့ဆုံမှု - မရှိ

.

ဘယ်လ်ဂျီယံ နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

ဘယ်လ်ဂျီယံ ၁ - ၂ အီဂျစ် (၁၈-နိုဝင်ဘာ-၂၀၂၂)

နယ်သာလန် ၁ - ၀ ဘယ်လ်ဂျီယံ (၂၆-စက်တင်ဘာ-၂၀၂၂)

ဘယ်လ်ဂျီယံ ၂ - ၁ ဝေးလ် (၂၃-စက်တင်ဘာ-၂၀၂၂)

ပိုလန် ၀ - ၁ ဘယ်လ်ဂျီယံ (၁၅-ဇွန်-၂၀၂၂)

ဝေးလ် ၁ - ၁ ဘယ်လ်ဂျီယံ (၁၂-ဇွန်-၂၀၂၂)

.

ကနေဒါ နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ဂျပန် ၁ - ၂ ကနေဒါ (၁၇-နိုဝင်ဘာ-၂၀၂၂)

ဘာရိန်း ၂ - ၂ ကနေဒါ (၁၁-နိုဝင်ဘာ-၂၀၂၂)

ကနေဒါ ၀ - ၂ ဥရုဂွေး (၂၇-စက်တင်ဘာ-၂၀၂၂)

ကာတာ ၀ - ၂ ကနေဒါ (၂၃-စက်တင်ဘာ-၂၀၂၂)

ဟွန်ဒူးရပ်စ် ၂ - ၁ ကနေဒါ (၁၄-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လ်ဂျီယံ #ကနေဒါ