ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (E) စပိန် - ကော်စတာရီကာ ပွဲကြိုခန့်မှန်းချက် (ည ၁၀း၃၀)

1:29 PM, 23 November

ကွင်း - အယ်သူမာမာကွင်း


ဒဏ်ရာရပွဲပယ်အခြေအနေ

===============

စပိန် - ဂါယာ(သေချာပေါက်လွဲ)

ကော်စတာရီကာ - မရှိ


စပိန်အသင်း အခြေအနေ

=============

စပိန်နည်းပြ လူးဝစ်အင်းနရစ်ကတော့ ရဲရဲရင့်ရင့်ပဲ လူငယ်ကစားသမားတွေကို ရွေးလာခဲ့ကာ ဝါရင့်ကစားသမားအနည်းငယ်သာ ခေါ်လာခဲ့ပါတယ်။ ဒါကြောင့် လူငယ်သွေးသစ်တွေနဲ့ ယှဉ်ပြိုင်လာမယ့် စပိန်အသင်း ဘယ်အဆင့်ထိရောက်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။


ကော်စတာရီကာအသင်း အခြေအနေ

==============

ကော်စတာရီကာက ကာတာပြီးရင် ဒီနှစ်ကမ္ဘာ့ဖလားမှာ အုပ်စုက ထွက်ရဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းပါ။ အရင်တုန်းက ဂျိုးကမ်းဘဲလ်၊ ဘရိုင်ယန်ရုဇ်၊ နာဗက်စ်တို့လို ကစားသမားတွေ ခြေစွမ်းပြတာ ကြည့်ရလို့ အတော်လေး ကျေနပ်စရာ ဖြစ်ခဲ့ပေမယ့် အခုတော့ ဒီကစားသမားတွေက အသက်ရလာခဲ့ပြီ ဖြစ်ပါတယ်။ 


ထူးခြားချက်များ

========

စပိန်အသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး ၅ပွဲဆက် မရှုံးထားပါဘူး။


ကော်စတာရီကာအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံး၆ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။


ခန့်မှန်းချက်

======

စပိန်အသင်းက ယူရို၂၀၂၀မှာ ဆီမီးဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယခုကမ္ဘာ့ဖလားမှာလည်း အဆိုပါ အဆင့်မျိုးရောက်ရှိစေဖို့ မျှော်မှန်ထားမှာ သေချာပါတယ်။ ကော်စတာရီကာက ၂၀၁၄ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပြိင်ပွဲမှာတော့ အုပ်စုက ထွက်ခဲ့ရပါတယ်။ ကော်စတာရီကာက ပိတ်ကန်လာမယ်ဆိုပေမယ့် စပိန်က အကြောပေးမှု ပြင်းထန်နေတာကြောင့် အဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ဖို့များပါတယ်။

.

စပိန် - ကော်စတာရီကာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်

-------------------------------------------------

စပိန် ၅ - ၀ ကော်စတာရီကာ (၁၂-နိုဝင်ဘာ-၂၀၁၇)

စပိန် ၂ - ၁ ကော်စတာရီကာ (၁၂-ဇွန်-၂၀၁၅)

ကော်စတာရီကာ ၁ - ၅ စပိန် (၁၆-နိုဝင်ဘာ-၂၀၁၁)

.

စပိန် နောက်ဆုံး (၅) ပွဲရလဒ်

--------------------------

ဂျော်ဒန် ၁ - ၃ စပိန် (၁၇-နိုဝင်ဘာ-၂၀၂၂)

ပေါ်တူဂီ ၀ - ၁ စပိန် (၂၈-စက်တင်ဘာ-၂၀၂၂)

စပိန် ၁ - ၂ ဆွစ်ဇာလန် (၂၅-စက်တင်ဘာ-၂၀၂၂)

စပိန် ၂ - ၀ ချက်ဇ် (၁၃-ဇွန်-၂၀၂၂)

ဆွစ်ဇာလန် ၀ - ၁ စပိန် (၁၀-ဇွန်-၂၀၂၂)

.

ကော်စတာရီကာ နောက်ဆုံး (၅) ပွဲရလဒ်

------------------------------------

ကော်စတာရီကာ ၂ - ၀ နိုင်ဂျီးရီးယား (၁၀-နိုဝင်ဘာ-၂၀၂၂)

ဥဇဘက်ကစ္စတန် ၁ - ၂ ကော်စတာရီကာ (၂၇-စက်တင်ဘာ-၂၀၂၂)

တောင်ကိုရီးယား ၂ - ၂ ကော်စတာရီကာ (၂၃-စက်တင်ဘာ-၂၀၂၂)

ကော်စတာရီကာ ၁ - ၀ နယူးဇီလန် (၁၅-ဇွန်-၂၀၂၂)

ကော်စတာရီကာ ၂ - ၀ မာတင်နစ်ခ် (၅-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #စပိန် #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ