ဆော်ဒီအာရေးဗျကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် အာဂျင်တီးနားရဲ့အမှားတွေကို ညည်းညူစွာပြောလိုက်တဲ့ လော်တာရိုမာတီနက်ဇ်
11:38 AM, 23 November
၂၀၂၂ခုနှစ်ကမ္ဘာ့ဖလားတွင် ဆော်ဒီအာရေးဗျကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနားအနေနဲ့ နာကျင်ခံစားရေကြောင်း လော်တာရိုမာတီနက်ဇ်က ပြောပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ပွဲမှာ အာဂျင်တီးနားဟာ ဆော်ဒီကို ရှုံးခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၁၀ မိနစ်မှာ မက်ဆီဟာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ၃ ဂိုးကလည်း လူကျွံနေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ ဆော်ဒီဟာ ၅ မိနစ်အတွင်း အာဂျင်တီးနားဘက်သို့ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
"ဒါက တော်တော်လေးကိုနာကျင်ခံစားရပါတယ်။ ကမ္ဘာ့ဖလားကို အနိုင်နှင့်ဖွင့်ဖို့ မျှော်လင့်ချက်တွေရှိခဲ့တာပါ။ ကျွန်တော်တို့ရဲ့အမှားတွေ၊ ဒုတိယပိုင်းမှာ မှားခဲ့တဲ့ အမှားတွေကြောင့် ကျွန်တော်တို့ရှုံးခဲ့တာပါ" "ခြားနားသွားစေမယ့် အသေးစိတ်အချက်အလက်တွေရှိပြီး အမှားတွေကို ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပထမပိုင်းမှာလည်း ကျွန်တော်တို့က ၁ ဂိုးထက် ပိုပြီးသွင်းယူခဲ့သင့်ပါတယ်။ သို့သော်လည်း ဒါဟာ ကမ္ဘာ့ဖလားဖြစ်ပြီး အုပ်စုတွင်းမှာ နောက်ထပ် ၂ ပွဲ ကစားဖို့သာ ကျန်ပါတော့တယ်" လို့ မာတီနက်ဇ်က ပွဲအပြီးမှာ ပြောပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားရရှိဖို့ ရေပန်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အခုတော့ ရှုံးထွက်အဆင့်ကနေတက်အောင် ကြိုးစားရတော့မှာဖြစ်ပါတယ်။ စကာလိုနီရဲ့အသင်းဟာ အုပ်စု C ရဲ့ နောက်ထပ် ပွဲစဉ်များအဖြစ် မက္ကဆီကို၊ ပိုလန်တို့နှင့် ကစားရမှာဖြစ်ပြီး အုပ်စုတက်ချင်ရင်တော့ အဆိုပါပွဲတွေကို အနိုင်ရရှိအောင် ကစားရမှာဖြစ်ပါတယ်။
၁၉၅၈ ခုနှစ် ဂျာမနီနှင့်ပွဲပြီးနောက် ကမ္ဘာဖ့လားမှာ ပထမဆုံးဂိုးကို သွင်းယူပြီး ရှုံးနိမ့်ခဲ့ရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ် ဥရုဂွေးနှင့်ပွဲကတည်းက ပထမပိုင်းတွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ရှုံးခဲ့ရတဲ့ ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။ အဖွင့်ပွဲက ရှုံးနိမ့်မှုကိုတော့ အာဂျင်တီးနားဟာ စနေနေ့ မက္ကဆီကိုနှင့်ပွဲမှာ နိုင်ပွဲရှာဖွေရမှာဖြစ်ပါတယ်။
#အာဂျင်တီးနား #မာတီနက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ