အာဂျင်တီးနားနှင့်ပွဲမှာ မိမိဂိုးသမားနှင့် ပြင်းထန်စွာ ထိခိုက်မိခဲ့တာကြောင့် ကွင်းအပြင်သို့ ထမ်းစင်နဲ့ထွက်သွားခဲ့ရတဲ့ ဆော်ဒီအာရေးဗျစတား
11:33 AM, 23 November
ဂိုးသမား မိုဟာမက်အူဝိုင်းယက်စ်နဲ့ ပြင်းထန်စွာ ထိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ဆော်ဒီနောက်တန်းကစားသမား ရေဆာအယ်ရှာဟာနီဟာ ကွင်းအပြင်သို့ ထမ်းစင်နှင့်ထွက်သွားခဲ့ရတာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို ဟန့်ထားရတွင် နောက်တန်း ကစားသမားဟာ အူဝိုင်းယက်စ်နှင့်ခုန်လိုက်တဲ့အချိန်မှာ တိုက်မိခဲ့တာဖြစ်ပါတယ်။
အယ်နာဟာနီဟာ ကွင်းထဲကနေ ထမ်းစင်ဖြင့် ထွက်ခဲ့ရသော်လည်း ဆော်ဒီက အာဂျင်တီးနားကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် လက်မထောင်နိုင်ခဲ့တာဖြစ်ပါတယ်။ နာကျင်အချိန်ပိုတွင် သူ့ရဲ့အသင်းဖော်ကွင်းထဲကနေ ထွက်သွားရချိန်မှာတော့ ဂိုးသမား အူဝိုင်းယက်စ်ဟာ စိုးရိမ်နေခဲ့ရပါတယ်။
သမိုင်းဝင် နိုင်ပွဲကို ကြည့်ခဲ့ရတဲ့ ဆော်ဒီပရိသတ်တွေကတော့ အချိန်ပိုပေးခဲ့လိုက်ရတာဖြစ်ပါတယ်။ မိနစ် ၁၀၀ ကျော် ကစားပြီးနောက်မှာတော့ မက်ဆီရဲ့ အာဂျင်တီးနားဟာ ကာတာမြေမှ ရှုံးပွဲနှင့် ရင်ဆိုင်လိုက်ရပြီဖြစ်ပါတယ်။ ပွဲကစားချိန် ၁၀ မိနစ်မှာ ပီအက်စ်ဂျီစတားဟာ ပင်နယ်တီကတဆင့် အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ နောက်ထပ် ၃ ဂိုးကလည်း လူကျွံနေခဲ့ပြန်ပါတယ်။
ပွဲကစားချိန် ၄၈ မိနစ်မှာတော့ ဆာလီအယ်ရှ်ရီက ချေပဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ သိပ်မကြာခင် ၅၂ မိနစ် အရောက်မှာတော့ အနိုင်ဂိုးဖြစ်တဲ့ သွင်းဂိုးကိုတော့ တောင်ပံကစားသမား ဒေါ်ဆရီက သွင်းယူပေးနိုင်ခဲ့ပါတယ်။အာဂျင်တီးနားဟာ လက်ကျန်မိနစ် ၄၀ မှာ အပြင်းအထန်တိုက်စစ်ဆင်ခဲ့သော်လည်း ဆော်ဒီက ကြံ့ကြံ့ခံနိုင်ခဲ့ပြီး အထူးဖြင့် ဂိုးသမား အူဝိုင်းယက်စ်က လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
နောက်တန်းကစားသမား အယ်ရှာဟာနီက ဒဏ်ရာရရှိသွားတာက နည်းပြ ဟာဗီရေနက်အတွက် ထိုးနှက်ချက်ဖြစ်နေပါတယ်။
#အာဂျင်တီးနား #၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ ရေဆာအယ်ရှာဟာနီ