ရှေ့သို့
Image

ရီးရဲလ်မှာ နောက်ထပ် ၁၀ နှစ်လောက် ဆက်နေနိုင်ဖို့ မျှော်လင့်နေတဲ့ အဆန်စီရို

4:03 PM, 22 November

ရီးရဲလ်စတား အဆန်စီရိုကတော့ အသင်းမှာ နောက်ထပ် ၁၀ နှစ်လောက်ဆက်နေနိုင်ဖို့ မျှော်လင့်နေပြီး စာချုပ်သစ်အတွက် ဆွေးနွေးနေတာဖြစ်ပါတယ်။ အဆန်စီရိုတစ်ယောက် လက်ရှိမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ စပိန်အသင်းနဲ့ပူးပေါင်းနေကာ စာချုပ်သက်တမ်းက ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။

စပိန်သားကို ဘာစီလိုနာအပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်နေပြီး ဒီရာသီ ရီးရဲလ်အတွက် ၁ ပွဲသာ ပါဝင်ကစားခွင့်ရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ်သားက ရီးရဲလ်အသင်းမှာ ဆက်ရှိနေပြီး ၂၀၁၄ မာယော့ကာ အသင်းထံကနေ ပြောင်းလာပြီးကတည်းက ပွဲ ၂၅၀ လောက် ပါဝင်ကစားပေးထားပါတယ်။

“ကျွန်တော်တို့နဲ့ ရီးရဲလ်အသင်းကြားမှာ ဆွေးနွေးမှုတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းမှာ ဆက်နေချင်ပါတယ်။ အဲ့တာက ကျွန်တော်တစ်ဦးတည်းအပေါ်မှာတင်မဟုတ်ပဲ အသင်းအပေါ်မှာလည်း မူတည်တာပါ" "ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချပါမယ်။ အဲ့တာဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော် ရီးရဲလ်မှာ  ကာလရှည်ဆက်နေချင်ပါတယ်။ ၁၀ နှစ်လောက် ထပ်နေချင်ပါတယ်”လို့ အဆန်စီရိုက မာကာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဆန်စီရို