ရှေ့သို့
Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရယူနိုင်ခဲ့တဲ့ ဗွေဆော်ဦးသွင်းဂိုးနဲ့ ပတ်သက်လို့ ရင်ဖွင့်ပြောဆိုလိုက်တဲ့ ဘယ်လင်ဂမ်

2:06 PM, 22 November

ကမ္ဘာ့ဖလားအုပ်စု (ခ) ရဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အီရန်လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အင်္ဂလန်အသင်းက ၆ဂိုး - ၂ဂိုးဖြင့် အီရန်အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန် ၃၅မိနစ် အရောက်မှာ ညာနောက်တန်းအစွန်ကစားသမား လုခ်ရှောရဲ့ ကောင်းမွန်သေသပ်တဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အင်္ဂလန်အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို ဘယ်လင်ဂမ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကစားသမား ဘဝပထမဦးဆုံး သွင်းဂိုး သွင်းယူလိုက်နိုင်ခဲ့တဲ့ ဘယ်လင်ဂမ်က ခေါင်းတိုက်လိုက်တဲ့အချိန်မှာတော့ ပြိုင်ဘက်ဂိုးပေါက်နဲ့ လွဲချော်သွားမယ်လို့ ထင်ခဲ့ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက ဘယ်လင်ဂမ်ရဲ့ ပွဲချိန် ၃၅မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သွင်းဂိုး အပြင် ပွဲကစားချိန် ၄၄မိနစ်အရောက်မှာတော့ လုခ်ရှောရဲ့ ထောင့်ကန်ဘောမှတစ်ဆင့် မက်ဂွာရီခေါင်းတိုက်ချပေးရာတွင် ဆာကာ ပိတ်သွင်းယူနိုင်ခဲ့ပြီး ၂မိနစ် အကြာမှာပဲ ဟယ်ရီကိန်းရဲ့ ကောင်းမွန်သေသပ်တဲ့ ဖန်တီးပေးပို့မှုကို စတာလင် ပိတ်သွင်းယူကာ အင်္ဂလန်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာတော့ အင်္ဂလန်အသင်း ကစားအားအနည်းငယ် ချသွားခဲ့ပေမဲ့ ပွဲကစားချိန် ၆၂မိနစ်မှာ ဆာကာက ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး မကြာခင်မှာပဲ အီရန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို တိုက်စစ်မှုး တာရီမီ မှသွင်းယူပေးနိုင်ခဲ့ပေမဲ့ အင်္ဂလန်အသင်းရဲ့လူစားဝင် ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဂရီးလစ်ချ် တို့က သွင်းဂိုး ထပ်မံသွင်းယူခဲ့သလို ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းအလိုမှာ တာရီမီက ပင်နယ်တီမှတစ်ဆင့် ဒုတိယမြောက်ချေပဂိုးသွင်းယူသွားခဲ့တာကြောင့် ၆ဂိုး - ၂ဂိုး ရလဒ်ဖြင့် အင်္ဂလန်အသင်း အုပ်စုအဖွင့်လှသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့နိုင်ခဲ့တာနဲ့ ပတ်သက်လို့ အသက် ၁၉နှစ်အရွယ် ဘယ်လင်ဂမ်က“ကျွန်တော်အနေနဲ့ အခုလိုမျိုး ဂိုးသွင်းယူနိုင်ခဲ့မယ်လို့ မထင်ထားခဲ့ပါဘူး။ ရှော ရဲ့ ပေးပို့ပုံက သိပ်ကောင်းနေခဲ့ပြီး ကျွန်တော်က ခေါင်းနဲ့အသာလေး လှန်တိုက်လိုက်ရုံပါပဲ” “ယခင်နှစ်မှာကတည်းက ဒေါ့မွန်အသင်းနဲ့ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေ ပိုပြီးတော့ ရယူပေးချင်နေခဲ့တာပါ။ ဘာပဲ ပြောပြော ဒီနေ့ပွဲကတော့ ကျွန်တော်တို့အသင်းအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်” “ကမ္ဘာ့ဖလားလိုပြိုင်ပွဲမျိုးမှာ ပြိုင်ဘက်အသင်းရဲ့ အနေအထားထက် တစ်ပွဲတည်း ၆ဂိုး သွင်းယူနိုင်ခဲ့တာက တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်ပါ" လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အင်္ဂလန် #ဘယ်လင်ဂမ် #၂၀၂၂ကမ္ဘာ့ဖလား #အီရန်