ရှေ့သို့
Image

အုပ်စုအဖွင့်ပွဲစဉ်တွင် ဆီနီဂေါကို အနိုင်ကစားအပြီးမှာ ဒီပေးအစစ်ကို ပြန်လည်မြင်တွေ့ရမယ်လို့ ဆိုလိုက်တဲ့ ဗန်ဟားလ်

10:20 AM, 22 November

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (က) အဖွင့်ပွဲစဉ်အတွင် နယ်သာလန်အသင်းက အာဖရိကချန်ပီယံ ဆီနီဂေါ အသင်းကို ၀ - ၂ ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ဒုတိယပိုင်း ပွဲကစားချိန်အရောက်မှာ လူစားလဲဝင်ရောက် ကစားခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား မန်းဖစ်ဒီပေး အနေဖြင့် ခြေစွမ်းအမှန်ကို ပြန်လည် ပြသာလာနိုင်တော့မှာ ဖြစ်တဲ့ အကြောင်း ချီးကျူး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းအနေဖြင့် ပွဲကစားချိန်ပထမပိုင်းမှာ ဆီနီဂေါအသင်းရဲ့ တိုက်စစ်ပိုင်းကစားသမား ဆားကို  အဓိက ထိန်းချူပ် ကစားနေခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့ပြီး အဓိကတိုက်စစ်ကစားသမား ကိုဒီဂတ်ပိုနဲ့ လူစားဝင်ကွင်းလယ်ကစားသမား ဒါဗီကလာဆန်တို့က ဂိုးသွင်းယူကာ အုပ်စု အဖွင့်လှစေခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ နယ်သာလန်အသင်းက ဆီနီဂေါအသင်းကို ၀ - ၂ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲကစားချိန်ပြီးဆုံးဖို့ ၂၈ မိနစ်အလိုတွင်မှ လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့တဲ့ ဒီပေးအနေဖြင့် ဒီနှစ်ဘောလုံးရာသီအတွင်း ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာ အသင်းနဲ့အတူ ပွဲထွက်ကစားပေးနိုင်ခဲ့ခြင်း မရှိဘဲ နယ်သာလန်အသင်းရဲ့ ၂၀၂၂ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် လူစားလဲဝင်ရောက်ကစားပေးခွင့်ရခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းအချို့ကို ပြန်လည် ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်စစ်မျှားဦးမှာ အဓိကအားကိုးအားထားပြုရမယ့် ဝါရင့်တိုက်စစ်ကစားသမား ဒီပေးနဲ့ ပတ်သက်လို့ နည်းပြ ဗန်ဟားလ်က“ပွဲကစားချိန် ဒုတိယပိုင်းမှာ ဝင်ရောက်ကစားရန်အတွက် ကျွန်တော်နဲ့ ဒီပေးက ကြိုတင်သဘောတူညီမှု ရယူထားပြီးတာပါ” “အီကွေဒေါနဲ့ ပွဲမှာတော့ သူ့အနေနဲ့ ပွဲထွက်ပါဝင်လာနိုင်ပြီး ပုံစံကောင်းတွေ ပြန်ရလာတာမျိုး ဖြစ်စေချင်ပါတယ်။ ဒီပေးဝင်လာလို့ ကျွန်တော်တို့ အသင်း အရေးနိမ့်သွားမယ်ဆိုတဲ့ အတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘဲ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေး များများစားစား ရစေချင်ပါတယ်။ သူက တကယ်တော့ ပွဲအဖြေကို ရုတ်ချည်း ပြောင်းလဲပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ”လို့ချီးကျူး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#နယ်သာလန် #ဆီနီဂေါ #ဒီပေး #ဗန်ဟားလ် #၂၀၂၂ကမ္ဘာ့ဖလား