ရှေ့သို့
Image

မက်ဆီနဲ့ ရင်ဆိုင်ရဖို့က ဂုဏ်ယူစရာတစ်ခုပါလို့ ပြောလိုက်တဲ့ ဆော်ဒီနည်းပြ

8:39 AM, 22 November

လီယွန်နယ်မက်ဆီဟာ ယနေ့ညနေမှာ ဆော်ဒီအသင်းနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဆော်ဒီနည်းပြက ဘော်လွန်းဒီအော်၇ ကြိမ်ရ ကစားသမားနဲ့ ရင်ဆိုင်ရမယ့်အပေါ် ဂုဏ်ယူလျက် ရှိနေပါတယ်။

မက်ဆီ ကမ္ဘာ့ဖလားသွင်းယူခဲ့တဲ့ သွင်းဂိုး၆ဂိုးက အုပ်စုတွင်းမှာသာ သွင်းယူထားတာဖြစ်ပြီး ယခုနှစ်ရာသီ ပီအက်စ်ဂျီမှာတော့ ၁၉ပွဲကစား ၁၂ဂိုးသွင်းထားပါတယ်။

ယမန်နေ့က ပြောကြားရာမှာ ဆော်ဒီနည်းပြ ရီနက်ဒ်က “စီရော်နယ်ဒိုနဲ့ မက်ဆီတို့က ဘောလုံးဂန္တဝင်တွေဖြစ်ပြီး သူတို့ကြောင့်ပဲ ဘောလုံးက ကွဲပြားခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမှာရှိနေပြီး သူတို့နဲ့ ရင်ဆိုင်ရတာ ဂုဏ်ယူစရာတစ်ခုပါ” “တိုက်ပွဲဝင်စရာရှိရင် အကောင်းဆုံး စိတ်ဓာတ်တက်ကြွနေဖို့လိုပါတယ်။ ဒါက အားကစားရဲ့ လှပတဲ့အရာတစ်ခုပါ။ အားကစားမှာ အံ့အားသင့်စရာတွေ ဖြစ်ပေါ်တတ်ပါတယ်”

“ကျွန်တော်တို့ အားလုံးအသင့်ဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ အာဂျင်တီးနားအပြင် ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။ အုပ်စု၃ပွဲစလုံးက ပွဲတိုင်း အရေးကြီးတာပါ”လို့ ပြောခဲ့ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ