ရှေ့သို့
Image

ချူအာမန်နီ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းဖြစ်အောင် ကူညီပေးခဲ့တယ်ဆိုတဲ့ မက်ခီလီလီ

11:20 AM, 21 November

နွေရာသီ အပြောင်းအရွေ့ကာလမှာ ရီးရဲလ်မက်ရစ် အသင်းဟာ မိုနာကို ကွင်းလယ် ကစားသမား ချူအာမန်နီကို ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ထိုအပြောင်းအရွေ့အတွက် ချဲလ်ဆီးနဲ့ ရီးရဲလ် ကစားသမားဟောင်း မက်ခီလီလီက သူ့အနေနဲ့ ချိုအာမန်နီကို ခေါ်ယူနိုင်အောင် ရီးရဲလ်မက်ဒရစ်ကို ကူညီပေးခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

၂၂ နှစ် အရွယ် ချူအာမန်နီဟာ မိုနာကို အသင်းမှာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ခြေစွမ်းတိုးတက်လာတာကြောင့် ချဲလ်ဆီး အပါအဝင် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံလာရပါတယ်။ ၂၀၂၂မှာ ချဲလ်ဆီးဟာ ပြိုင်ဘက်အသင်းတွေထက် ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။

သို့သော်လည်း အသင်းပိုင်ရှင် ရိုမန်အီဗရာမိုဗစ် အသင်းကို ရောင်းချလိုက်ရတာကြောင့် အခြေအနေတွေက ရှုပ်ထွေးသွားကာ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်းမှာ ၅ နှစ် ရီးရဲလ်မက်ဒရစ်မှာ ၃ နှစ် ကစားခဲ့ဖူးတဲ့ မက်ခီလီလီကတော့ သူဟာ ချိုအာမန်နီကို ရီးရဲလ်အသင်းက ခေါ်ယူနိုင်အောင် ကူညီပေးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

"ချူအာမန်နီ ရီးရဲလ်အသင်းထံ ပြောင်းရွေ့ဖို့ နီးစပ်နေတဲ့ အချိန်မှာ ကျွန်တော် ဖရော်ရန်တီနိုနဲ့ စကားပြောဖြစ်ပါတယ်။ သူကချိုအာမန်နီအကြောင်း ပိုသိချင်နေပါတယ်။ ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်းကို ခံရပေမယ့် အကယ်၍ ရီးရဲလ်မက်ဒရစ်က မင်းကို ခေါ်ယူချင်တယ်ဆိုရင်တော့ ရီးရဲလ်ကို ရွေးချယ်ရမှာပါ"လို့ မက်ခီလီလီ ကပြောပါတယ်။

လာမယ့်နွေရာသီမှာ ချဲလ်ဆီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကန်တီနဲ့ ဂျော်ဂျင်ဟိုတို့ ရှိနေတာကြောင့် ချဲလ်ဆီး အသင်းဟာ ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ကန်တီကတော့ အသင်းက စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ထားပါတယ်။ သို့သော် ထိုစာချုပ်သစ် ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီးနောက် ကန်တီဟာ အသင်းမှာ လေးလအထိ ဒဏ်ရာကြောင့် မကစားထားနိုင်ပါဘူး။

#မိုနာကို #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ချူအာမန်နီ #မက်ခီလီလီ