ရှေ့သို့
Image

ဘရူနိုဂူမာရေးစ်က မိမိကို အသင်းမှာ အထိုင်ကျအောင် ကူညီခဲ့ကြောင်း နစ်ပုပ် ရှင်းပြ

11:06 AM, 21 November

နယူးကာဆယ်အသင်း ဂိုးသမား နစ်ပုပ်က အသင်းဖော် ဂူမာရေးစ်ဟာ မိမိကို အသင်းမှာ အထိုင်ကျအောင် ကူညီပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နစ်ပုပ်ရဲ့လက်စွမ်းတွေက အဓိကနေရာကနေပါဝင်နေကာ ဟိုဝီရဲ့အသင်းက ကမ္ဘာ့ဖလားမတိုင်ခင် တတိယနေရာမှာ ရပ်တည်နေပါတယ်။

“ဘရူနိုက ကျွန်တော်အသင်းကိုပြောင်းလာချိန်မှာ အများကြီးကူညီပေးခဲ့သလို အများကြီးလည်းကြိုဆိုခဲ့ပါတယ်။ နယူးကာဆယ်ကိုပြောင်းလာတာက အသင်းသစ် အဝတ်လဲခန်းအသစ်ကို ပြောင်းလာခဲ့တာပါ။ ဂူမာရေးစ်က အဝတ်လဲခန်းထဲမှာ တကယ်ကောင်းတဲ့ ကစားသမားပါ။ ဒါ့အပြင် ကျွန်တော် ပြောင်းလာချိန်မှာလည်း ကူညီပေးခဲ့ပါတယ်”လို့ နစ်ပုပ်က ပြောကြားခဲ့ပါတယ်။

သူတို့ ၂ ဦးရဲ့စွမ်းဆောင်ရည်ကြောင့် နယူးကာဆယ်အသင်းဟာ ရလဒ်တွေကောင်းနေပြီး ဂူမာရေးစ်နဲ့ နစ်ပုပ်တို့ဟာ တော့တင်ဟမ်နဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

#နယူးကာဆယ် #၂၀၂၂ကမ္ဘာ့ဖလား #နစ်ပုပ် ဂူမာရေးစ်