ရှေ့သို့
Image

ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲကို ပတ်စ်ပို့ပြဿနာကြောင့် ဖျက်သိမ်းလိုက်တဲ့ ကော်စတာရီကာ

4:29 PM, 18 November

ကော်စတာရီကာအသင်းရဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲအဖြစ် ကစားဖို့ စီစဉ်ထားတဲ့ အီရတ်နဲ့ပွဲစဉ်ကို ပတ်စ်ပို့ပြဿနာကြောင့် ဖျက်သိမ်းလိုက်ပါတယ်။

Ole သတင်းဌာနရဲ့အဆိုအရ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကော်စတာရီကာအသင်းက ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲကစားဖို့ ကြိုတင်စီစဉ်ထားတာမျိုးမရှိဘဲ ခရီးထွက်ခွာလာတာလို့ သိရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကော်စတာရီကာက ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့၊ Basra Sport City Stadium မှာ အီရတ်အသင်းနဲ့ ကစားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အီရတ်နိုင်ငံကို ရောက်ရှိလာတဲ့ ကော်စတာရီကာ အသင်းအဖွဲ့ဝင်နဲ့ ကစားသမားတွေ ပြည်ဝင်ခွင့်ပတ်စ်ပို့ တံဆိပ်တုံးထုတဲ့နေရာမှာ အဆင်မပြေမှုတစ်ခုမှတဆင့် အခုခြေစမ်းပွဲစဉ်ကို ဆိုင်းငံ့ခဲ့ပါတယ်။

အီရတ်ပြည်ဝင်ခွင့်တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံသို့ ဧည့်သည်ကော်စတာရီကာအသင်း ရောက်ရှိလာချိန် ပြည်ဝင်ခွင့်ပတ်စ်ပို့တံဆိပ်တုံးထုတဲ့နေရာမှာ ယခင်သဘောတူညီမှုတစ်ခုကို လေးစားလိုက်နာမှု မရှိခဲ့ပါဘူး။ ဒီလိုအချင်းအရာတွေက အနာဂတ်ကာလမှာ အီရတ်အတွက် ပြဿနာတွေ ပေါ်ပေါက်လာဖွယ် ရှိပါတယ်။

နောက်ပိုင်းမှာတော့ ကော်စတာရီကာအသင်းက ကူဝိတ်နိုင်ငံဆီ ခရီးဆက်ခဲ့ပြီး ဒီခြေစမ်းပွဲစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

#ခြေစမ်းပွဲ ကော်စတာရီကာ