ရှေ့သို့
Image

ကာတစ်ဂျုံးစ်အပြင် ဖာမီနိုကိုပါ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ လီဗာပူး

12:51 PM, 18 November

လီဗာပူးအသင်းဟာ ကာတစ်ဂျုံးစ်ကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်ပြီး ဖာမီနိုကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ဖို့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

အသက် ၂၁ နှစ်သားဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ကလော့ပ်ရဲ့ယုံကြည်မှုနဲ့နေရာရလာဖွယ်ရှိနေပါတယ်။

ဂျုံးစ်ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအသင်းက အနာဂတ်အတွက် ကာလရှည်ဆက်ထိန်းချင်နေတာဖြစ်ပါတယ်။

လီဗာပူးဟာ လာမယ့်နွေရာသီမှာ မီလ်နာ ၊ ချိန်ဘာလိန် နဲ့ ကီတာတို့ကို လက်လွှတ်ရတော့မှာဖြစ်ပြီး ဒေါ့မွန်စတား ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ 

ဒါ့အပြင် ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်ကိုလည်း ချိတ်ဆက်နေပြီး ဂျုံးစ်ကတော့ ၂၀၁၉ ခုနှစ်က ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ကာ ၈၁ ပွဲအထိ ပါဝင်ကစားထားပါတယ်။

အခြားတစ်ဖက်မှာလည်း တိုက်စစ်မှူး ဖာမီနိုကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့  ဆွေးနွေးနေကာ ဘရာဇီးသားရဲ့စာချုပ်သက်တမ်းက ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။

သတင်းတွေအရ လီဗာပူးအသင်းဟာ ၂ နှစ် + ၁ နှစ်သက်တမ်းတိုးချင်နေပြီး ဖာမီနိုကလည်း အသင်းမှာ ဆက်နေချင်နေပါတယ်။

ကစားသမား ၂ ဦးစလုံးက လက်ရှိမှာဒဏ်ရာရရှိနေတာဖြစ်ပြီး လီဗာပူးက လိုင်ယွန် ၊ အေစီမီလန်တို့နဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

#လီဗာပူး #ကာတစ်ဂျုံးစ် #ကလော့ပ် #ဖာမီနို #ပရီးမီးယားလိဂ်