ရှေ့သို့
Image

အိုဆာဆူနာနဲ့ပွဲက အနီကတ်ကြောင့် ၃ ပွဲပယ်ခံရတဲ့ လီဝန်ဒေါစကီး

1:01 PM, 17 November

အိုဆာဆူနာကို အနိုင်ရရှိခဲ့ဲတဲ့ပွဲမှာ အထုတ်ခံခဲ့ရပြီးနောက် လီဝန်ဒေါစကီးတစ်ယောက် ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပတ်က အိုဆာဆူနာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တင်းမာမှုတွေဖြစ်ခဲ့ပြီး လီဝန်ဒေါစကီးတစ်ယောက် အနီကတ် နဲ့ အထုတ်ခံရသလို ပီကေးကလည်း အရန်ခုံကနေ ဝင်လာပြီးနောက် အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးကတော့ ၃ ပွဲပယ်ခံရဖွယ်ရှိနေပြီး ပီကေးက ၄ ပွဲလောက်ပယ်ခံရဖွယ်ရှိနေပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ လီဝန်ဒေါစကီးတစ်ယောက် ၂ ဝါထိခဲ့တာကို ၁ ပွဲသာ ပယ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကို စောဒဂတက်ခဲ့တာကြောင့် နောက်ထပ် ၂ ပွဲပယ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။


ပီကေးကတော့ ညစ်ညမ်းတဲ့စကားလုံးသုံးခဲ့သလို ကိုယ်ထိလက်ရောက်ပါဝင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။  ပီကေး ပွဲပယ်ခံရတာက အနားယူခဲ့ပြီးဖြစ်တာကြောင့်ပြဿနာမရှိပေမယ့် ပိုလန်သားကတော့ အက်စ်ပန်ညို ၊ တီကို နဲ့ ဘက်တစ်ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လီဝန်ဒေါ့စကီး