ရှေ့သို့
Image

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့် လွဲချော်ခဲ့တဲ့အပေါ် ဝမ်းနည်းမိကြောင်း ဖွင့်ဟပြောဆိုလိုက်တဲ့ မန်စီနီ

3:13 PM, 16 November

ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်အရေးအတွက် အရေးပါတဲ့ ပွဲစဉ်မှာ မြောက်မက်ဆီဒိုနီးယား အသင်းနဲ့ ကစားခဲ့ရပြီး အခွင့်အရေးကို အသုံးမချိနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ကနေ လွဲချော်ခဲ့ရတဲ့အပေါ် အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြ မန်စီနီက ဝမ်းနည်းနေရတဲ့ အကြောင်း ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ မန်စီနီရဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီလက်ရွေးစင်အသင်းဟာ အီတလီနိုင်ငံ၊ ပါလာမို မြို့မှာ မြောက်မက်ဆီဒိုနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ဂိုးပေါက် ကန်သွင်းချက် ၃၂ - ၄ ကြိမ်အထိ အသာရခဲ့ပေမဲ့ မြောက်မက်ဆီဒိုနီးယားကစားသမား အလက်ဇန္ဒားထရာဂျေကော့စကီး ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ အမှတ်မထင် အရေးနိမ့်ခဲ့အပြီးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ကစားခွင့်ကနေ လွဲချော်စေခဲ့ရတာလည်း ဖြစ်ပါတယ်။

လူစာရင်းအင်အား စုဖွဲ့မှုခြင်း ကွားခြားပေမဲ့ ဥရောပချန်ပီယံ အီတလီလက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ကနေ လွဲချော်စေခဲ့တဲ့ မြောက်မက်ဆီဒိုနီးယားအသင်းက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် အီတလီလက်ရွေးစင်အသင်းအနေဖြင့် လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်အတွက်သာ ကြိုတင်ပြင်ဆင်သွားရဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက် ကစားခွင့်ကနေ လွဲချော်ခဲ့ရတဲ့ အပေါ် အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြ မန်စီနီက“မြောက်မက်ဆီဒိုနီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်က တကယ့်ကို ကမောက်ကမ ရလဒ်မျိုးထွက်ခဲ့တာပါ။ ဒီလို ရလဒ်မျိုးကို နှစ် ၁၀၀ ရောက်ရင်တောင် တစ်ကြိမ် ဖြစ်ဖို့ ခဲယဉ်းပါတယ်” “ကံဆိုးလွန်းလို့သာ ကျွန်တော်တို့ ဒီရလဒ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ” “လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် တစ်လသာ အချိန်ကတော့ ကျွန်တော်တို့အသင်းအတွက် အထီးကျန်ဆန်ပြီး ခက်ခဲတဲ့ အချိန်ကာလတစ်ခု ဖြစ်စေမှာပါ” လို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#အီတလီ #၂၀၂၂ကမ္ဘာ့ဖလား #မန်စီနီ