ရှေ့သို့
Image

လီဗာပူးနဲ့သတင်းတွေထွက်နေချိန်မှာ ကလော့ပ်ကို ချီးကျူးလိုက်တဲ့ ဂမ်ဒိုဂန်

10:27 AM, 16 November

မန်စီးတီးစတား ဂမ်ဒိုဂန်က လီဗာပူးအသင်းနဲ့သတင်းတွေထွက်နေချိန်မှာ ကလော့ပ်ကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။

ဂျာမန်သားဟာာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းရေဒါထဲပါဝင်နေပြီး ဒေါ့မွန်မှာတုန်းက ကလော့ပ်လက်အောက်မှာ ကစားခဲ့ကာ အပြောင်းအရွှေ့သတင်းထွက်နေချိန် နည်းပြဟောင်းကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ထွက်ခွာနိုင်တယ်လို့ ထင်ပါတယ်။ လူတိုင်းက ကျွန်တော် ကလော့ပ်ကို ဘယ်လောက်ကြိုက်လဲဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် စီးတီးမှာ နှစ်အတော်ကြာကစားခဲ့တာပါ။ အခုတော့ လီဗာပူးကိုပြောင်းရမှာလား။ နိုး ကျွန်တော် စိတ်ကူးယဉ်လို့တောင် မရပါဘူး”လို့ ဂမ်ဒိုဂန်က ပြောကြားခဲ့ပါတယ်။

ဂျာမန်သား နဲ့ စီးတီးတို့ကြားစာချုပ်သက်တမ်းက အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

သူ့အနာဂတ်နဲ့ပတ်သက်ပြီး စီးတီးစတားက “ကျွန်တော် ဒီအသက်အရွယ်နဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်တော် စိတ်အေးအေးပဲထားပါတယ်။ လာမယ့် ၂၀၂၃ ဆိုတာ အရမ်းဝေးနေပါသေးတယ်။ ကျွန်တော် အဲ့အတွက် စိတ်မပူပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ စီးတီးကို ၂၀၁၆ တုန်းက ပြောင်းလာခဲ့တာဖြစ်ပြီး ၅ နှစ်အတွင်း ဆုဖလား ၁၁ လုံးရယူနိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ နိုင်ငံအသင်းလူစာရင်းမှာ ပါဝင်နေပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှာကစားမယ့် ဂျပန်အသင်းနဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

#လီဗာပူး #မန်စီးတီး #ကလော့ပ် #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်