ရှေ့သို့
Image

ပွဲထွက်ကစားခွင့် မသေချာတာကြောင့် ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ မန်ဒီ

2:30 PM, 15 November

ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ရလဒ်ပိုင်း ဆိုးရွားနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား အက်ဒွက်မန်ဒီက ဒဏ်ရာရရှိမှုကနေ ပြန်လည် သက်သာလာခဲ့ပေမဲ့ ပွဲထွက်ကစားခွင့်အတွက် အာမခံချက် မရှိတော့တာကြောင့် လန်ဒန်ကလပ်ကနေ ပြောင်းရွှေ့ကစားနိုင်ရေးအတွက် စဉ်းစားနေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဂိုးသမားနေရာ လိုအပ်ချက်အတွက် ၂၀၂၀ ခုနှစ်မှာ မန်ဒီကို လီဂူးဝမ်းကလပ် ရန်းနက်စ် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပြီး ဆက်တိုက်ဆိုသလို ပွဲထွက်ကစားခွင့် ရရှိခဲ့ပေမဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ သောမက်စ်တူချယ် ထုတ်ပယ်ခံလိုက်ရကာ ဘရိုက်တန်အသင်းနဲ့ အတူ ခိုင်မာတဲ့ ကစားဟန်တစ်ခုကို ပုံဖော်တည်ဆောက်ထားနိုင်ခဲ့တဲ့ နည်းပြ ပေါ့တာ ရောက်ရှိလာတဲ့အခါမှာတော့ မန်ဒီအတွက် ပွဲထွက်ကစားသမားအဖြစ် နေရာပေး အသုံးပြုခံရမှု နည်းပါးနေတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နည်းပြပေါ့တာ အနေဖြင့် လန်ဒန်ကလပ်အသင်းကို ရောက်ရှိလာချိန်တွင်း အဓိက ဂိုးသမား မန်ဒီက ဒူးဒဏ်ရာ ရရှိနေတာကြောင့် အခြားဂိုးသမား တစ်ဦးဖြစ်တဲ့ ကီပါကိုသာ အဓိကဦးစားပေး အသုံးပြုပွဲထွက်ကစားခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၄ပွဲမှာတော့ မန်ဒီကို ပွဲထွက်ကစားသမား အဖြစ်အသုံးပြုကာ ၃ပွဲ အထိ အရေးနိမ့်ထားခဲ့တာကြောင့် ဖိအားတွေနဲ့ ကြုံတွေ့လာရကာ နည်းပြပေါ့တာရဲ့ ယုံကြည်မှု ရရှိဖို့ အခွင့်အရေးနည်းပါနေခဲ့တာ ဖြစ်ပါတယ်။

သို့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ပေါ့တာအနေဖြင့် စပိန်ဂိုးသမား ကီပါရဲ့ ကြံ့ခိုင်ရေးအခြေအနေကြောင့် ပွဲထွက်ကစားသမား နေရာအတွက် ဦးစားပေး အသုံးပြုဖို့ ဆန္ဒနည်းပါးနေတာကြောင့် ဘရိုက်တန် အသင်းမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို စိတ်ဝင်စားနေတာဖြစ်တယ်လို့ သတင်းအချို့က ဖော်ပြထားကြတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #မန်ဒီ #ပေါ့တာ