ရှေ့သို့
Image

စီးရီးအေ ချန်ပီယံဆုအတွက် နာပိုလီကို အေစီမီလန် တိုက်ခိုက်နိုင်မယ်လို့ မာလ်ဒီနီ ယုံကြည်နေ

11:32 AM, 15 November

အေစီမီလန်အသင်းနည်းစနစ်ဒါရိုက်တာ မာလ်ဒီနီက နာပိုလီအသင်းက အမှတ်ဖြတ်ဦးဆောင်နေပေမယ့် စီးရီးအေချန်ပီယံဆုအတွက် မိမိတို့အသင်း စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းမှာ ဖီအိုရင်တီးနား အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ထိပ်ဆုံးက နာပိုလီအသင်းနဲ့ ၈ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနားကိုအနိုင်ရရှိခဲ့တာကြောင့် “အေစီမီလန်ဟာ ရမှတ်ကွာဟမှုကို လျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၁ ပွဲဆက် အနိုင်နဲ့အတူ နာပိုလီဖြုတ်ချနိုင်ဖို့အတွက် ဇန်နဝါရီက ကြီးမားတဲ့စမ်းသပ်မှုဖြစ်လာနိုင်ပါတယ်။ သေချာပါတယ်။ ကျွန်တော်တို့ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်တို့ အင်တာနဲ့ ၇ မှတ်အထိ ကွာဟနေတာပါ။ အဲ့နောက် ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အဆုံးသတ်မတိုင်ခင်အထိ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း လုပ်နိုင်ခဲ့သလို လက်ကျန်ရာသီမှာလည်း ဘာဖြစ်မလဲဆိုတာ  မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ်ကိုလည်း ကျော်ဖြတ်ရဦးမှာပါ။ အကောင်းဆုံး စိတ်ဓာတ်နဲ့ မနှစ်ကလို လုပ်နိုင်မယ်လို့ ထင်ပါတယ်”လို့ မာလ်ဒီနီက ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #နာပိုလီ #အေစီမီလန် #မာလ်ဒီနီ