ရှေ့သို့
Image

ကမ္ဘာ့ဖလားအတွက် ကနေဒါလက်ရွေးစင် ဘောလုံးအသင်း လူစာရင်း ထုတ်ပြန်လာ

3:10 PM, 14 November

၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲှမယ့် ကနေဒါအသင်းက ပြိုင်ပွဲဝင် ကစားသမားစာရင်းကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကနေဒါအသင်းနည်းပြ ဂျွန်ဟတ်ဒ်မန်းက သူ့ရဲ့အသင်းအတွက် နောက်ဆုံးလူစာရင်းကို ရွေးချယ်ပြီးနောက် ကနေဒါဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ဝက်ဘ်ဆိုဒ်မှတဆင့် ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်စတား အယ်လ်ဖွန်ဆိုဒေးဗီးစ်က ကာတာနိုင်ငံပြိုင်ပွဲမှာ ကနေဒါအသင်းရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ရှိသလို အသက် ၃၉ နှစ်အရွယ် ဘက်ဆစ်တက်စ်ကွင်းလယ်လူ ဟတ်ချင်ဆန်လည်း အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့တိုက်စစ်ပိုင်းမှာ လိုင်လီရဲ့ ဂျိုနသန်ဒေးဗစ်၊ ဘရုဂျက်တိုက်စစ်အတွဲ လာရင်နဲ့ ဘူချန်နန်တို့ ပါဝင်လာပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှာစတင်ဖို့ စီစဉ်ထားပြီး ဒီပြိုင်ပွဲက ကနေဒါအသင်း အတွက် ၁၉၈၆ ခုနှစ်မက္ကဆီကိုကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ ကနေဒါက အုပ်စုအဖွင့်ပွဲစဉ်ကို ဘယ်လ်ဂျီယံနဲ့  နိုဝင်ဘာ ၂၃ ရက်မှာ ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်မှာ ၂၀၁၈ ကမ္ဘာ့ဖလားဒုတိယဆုရှင် ခရိုအေးရှား၊ ဒီဇင်ဘာ ၁ ရက်မှာ မော်ရိုကိုတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကနေဒါအသင်းရဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းလူစာရင်း
---------------------------------------------------------------------
ဂိုး - ဘော်ဂျန်၊ စိန့်ကလယ်ယာ၊ ပန်တီမစ်စ်
နောက် - စတီဗင်ဗစ်တိုးရီးယား၊ ဂျွန်စတန်၊ လာရီယာ၊ မေလ်လာ၊ အာဒီကူဂ်ဘီ၊ ဝါတာမန်း၊ ကော်နီလီးယက်စ်
လယ် - ဟတ်ချင်ဆန်၊ အိုဆိုရီယို၊ အူစတာကွီယို၊ ဖရေဆာ၊ ပီရက်၊ မတ်အန်တိုနီကေး၊ ကိုနီ၊ ဝိုသာစပွန်း
ရှေ့ - အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂျိုနသတ်ဒေးဗစ်၊ လာရင်၊ အိုင်ခ်ယူဂ်ဘို၊ ကာဗယ်လီနီ၊ ဘူချန်နန်၊ ဟွိုင်းလက်၊ လီယမ်မေလာ

#၂၀၂၂ကမ္ဘာ့ဖလား #ကနေဒါ