ရှေ့သို့
Image

ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ကမ္ဘာ့ဖလားမှာ ပြသဖို့ ဘန်ဇီးမား ဆုံးဖြတ်ထား

3:07 PM, 14 November

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ကာရင်ဘန်ဇီးမား အနေနဲ့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ပြိုင်ပွဲမှာ သူ့အတွက် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တစ်ခုရှိနေပါတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘန်ဇီးမားဟာ ပြင်သစ်အသင်းနဲ့အတူ သူတို့ရယူထားတဲ့ လက်ရှိချန်ပီယံဆိုတဲ့ အခြေအနေကို ကာကွယ်သွားရမှာပါ။

ပြင်သစ်အသင်းနဲ့ ၂၀၂၀ ယူရိုမှာ ပါဝင်ကစားခဲ့ရပြီးနောက် ဘန်ဇီးမားဟာ ယခုကမ္ဘာ့ဖလားဟာ သူ့အတွက် ၂၀၁၄ နောက်ပိုင်း ပထမဆုံး ပြန်လည် ကစားခွင့်ရမယ့် ကမ္ဘာ့ဖလားဖြစ်နေပါတယ်။ သူဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတချို့ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပါတယ်။

သူ့ရဲ့ ကြွက်သားဒဏ်ရာ ရှိတာကြောင့် သူဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ၇ ပွဲသာ ကစားခွင့် ရရှိထားတာပါ။ ဒီပွဲစဉ်အရေအတွက် အတွင်းမှာ သူဟာ အသင်းအတွက် သွင်းဂိုး ၅ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ပေးထားသလို ၂၀၂၂ရဲ့ ရွှေဘောလုံး ဆုကိုလည်း ရယူထားနိုင်ပါတယ်။ တကယ်လို့ ဘန်ဇီးမားသာ ကြံ့ခိုင်မှု ပြည့်ဝမယ်ဆိုရင် သူဟာ ပြင်သစ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားဖို့ နည်းပြ ဒတ်ချန့်စ်က တောင်းဆိုသွားမှာပါ။

"ကျွန်တော်ရွှေဘောလုံးဆုရပြီးသော်လည်း ဘောလုံး ကစားတာကို မရပ်တန့်ချင်ပါဘူး။ ကျွန်တော့်ရဲ့ အရည်အသွေးနဲ့ ရည်မှန်းချက်အရ ကျွန်တော်ရနိုင်ပါသေးတယ် ဆိုတာသိပါတယ်။ ဒါကြောင့်လည်းပြီးခဲ့တဲ့ လေးနှစ်တာ ကာလမှာ ကျွန်တော့်ကိုယ်ကျွန်တော် တွန်းအားပေးခဲ့တာပါ" "ကမ္ဘာ့ဖလားမှာ ကစားရဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီအသင်းမှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီးရှိသလို ဖိအားတွေလည်း ရှိပါတယ်။ ကျွန်တော်က ပြင်သစ်အသင်း အတွက် ထိုက်ထိုက်တန်တန် ကိုယ်စားပြု ကစားသွားမှာပါ။ ကမ္ဘာ့ဖလား မှာ ကစားချင်ပြီး အနိုင်လဲ လိုချင်ပါတယ်။ ကမ္ဘာ့ဖလားက ကျွန်တော့်အနေနဲ့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်ဆိုတာကို ပြသခွင့်ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်"လို့ ဘန်ဇီးမားက ပြောခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား