ရှေ့သို့
Image

ဆောက်ဂိတ်ရဲ့ လူစာရင်း ရွေးချယ်မှုကို ထောက်ခံပြောကြားလိုက်တဲ့ ဝိန်းရွန်းနီ

10:55 AM, 14 November

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဆောက်ဂိတ်ရဲ့လူစာရင်း ရွေးချယ်မှုကို ထောက်ခံလိုက်ပြီး ပုံစံကောင်းပျောက်နေတဲ့ မက်ဂွါရီ၊ အာနိုးလ်တို့နဲ့ ပတ်သက်ပြီး စိတ်မပူဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဟောင်းက ယူနိုက်တက်စတား မက်ဂွါရီနဲ့ လီဗာပူးစတား အာနိုးလ်တို့ကို ရွေးချယ်မှုအပေါ် မေးခွန်းထုတ်နေကြတဲ့သူအစား ဆောက်ဂိတ်ဘက်ကနေ ထောက်ခံခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ယခင်အတိတ်ကာလတုန်းက စွမ်းဆောင်ရည်ပေါ်မူတည်ပြီး လူစာရင်းကို ရွေးချယ်ခဲ့ကာ ခံစစ်ပိုင်းမှာက အဓိကပြဿနာတက်နေတာဖြစ်ပါတယ်။ တိုင်းမ်စ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ရွန်းနီက အင်္ဂလန်လူစာရင်းနဲ့ ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“ဝေဖန်မှုတွေတော့ ရှိနိုင်ပေမယ့် ထရန့်တ်က မတူညီတဲ့အရာမျိုးပေးနိုင်ပါတယ်။ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ထိတ်လန့်မှုတွေတော့ ရှိနိုင်ပါတယ်။ မှန်ပါတယ်။ သူက ဒီရာသီခံစစ်ပိုင်းအမှားအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းထက် လီဗာပူးက အသင်းအနေနဲ့ ပိုကောင်းလာခဲ့ပါတယ်။ ဘောလုံးသမားတစ်ဦးအနေနဲ့ဆိုရင် သူက အင်္ဂလန်ရဲ့အကောင်းဆုံး နောက်ခံလူတစ်ဦးပါ။ ကျွန်တော်ဆိုရင် စတုန်းနဲ့ မက်ဂွါရီကို ပွဲထုတ်မှာပါ။ သူနဲ့ပတ်သက်ပြီး ဆွေးနွေးမှုအချို့တော့ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မက်ဂွါရီက ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းမှာ မပါတာကြာပါပြီ။ ဒါပေမယ့် ကျွန်တော် သူနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

မက်ဂွါရီဟာ ဒီရာသီယူနိုက်တက်အတွက် ၄ ပွဲမှာ ၃ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားပြီး ခံစစ်အတွဲကို မာတီနက်ဇ်နဲ့ ဗာရာနီတို့က တာဝန်ယူနေတာဖြစ်ပါတယ်။ အာနိုးလ်ကိုရွေးချယ်မှုက ဆောက်ဂိတ်ကို ဝေဖန်မှုတွေမြင့်တက်နေပြီး ရွန်းနီက စီးတီးတိုက်စစ်မှူး ဖိုဒန်ဟာ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို ဦးဆောင်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဖိုဒန်ဟာ ဒီရာသီစီးတီးအတွက် ပြိုင်ပွဲစုံ ၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ရွန်းနီ #အာနိုးလ် #မက်ဂွါရီ