ရှေ့သို့
Image

ယူနိုက်တက်က မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရှိမနေဘူးဆိုတာ ဖာဂူဆန်သိတယ်တယ်ဆိုပြီး ပြောလိုက်တဲ့ ရော်နယ်ဒို

10:48 AM, 14 November

ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက်အသင်းဟာ ထိုက်တန်ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်မနေဘူးဆိုတာ ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် သိတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဖာဂူဆန်ဟာ ၂၀၁၂-၁၃ရာသီမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက် နည်းပြဘဝကနေ အနားယူခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါအချိန်ကနေစပြီး ယူနိုက်တက်အသင်းဟာ အင်္ဂလန်ကို စိုးမိုးနိုင်ခြင်းမရှိတော့ဘဲ နည်းပြ ၆ယောက်လောက်လည်း ပြောင်းခဲ့ရပါတယ်။

ရော်နယ်ဒိုက “အသင်းက ထိုက်တန်တဲ့လမ်းကြောင်းပေါ် ရောက်မနေဘူးဆိုတာ သူက အားလုံးထက်ပိုသိမှာပါ။ သူသိပါတယ်။ အားလုံးလည်း သိကြပါတယ်။ အဲ့ဒီအရာကို မမြင်နိုင်သူတွေကတော့ မျက်စိမမြင်လို့ပဲ ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

“ရော်နယ်ဒိုဟာ ယမန်နှစ်ရာသီမတိုင်ခင်က မန်စီးတီးကိုပြောင်းဖို့ နီးစပ်ခဲ့ပြီးမှ ယူနိုက်တက်ကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအဖြစ်အပျက်အပေါ် ရော်နယ်ဒိုက ဆာအဲလက်စ်က ကျွန်တော့်ကို ပြောပါတယ်။ မင်း မန်စီးတီးကို ပြောင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ပေါ့။ အဲ့တော့ ကျွန်တော်က အိုကေဘော့စ်လို့ ပြန်ပြောခဲ့ပါတယ်”ဆိုပြီး ပြောလာခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုရဲ့ အိပ်မက်ဆန်ဆန် ယူနိုက်တက်ကို ပြန်ရောက်လာမှုက အိပ်မက်ဆိုးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ရော်နယ်ဒိုက နည်းပြ ဆိုးလ်ရှား ထွက်ခွာသွားခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ရန်းနစ်ကိုလည်း နည်းပြလုပ်တာ ကြားတောင်မကြားဖူးဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဖာဂူဆန် #ပရီးမီးယားလိဂ်