ရှေ့သို့

မီထရိုဗစ်မပါတဲ့ ဖူလ်ဟမ်ကို ယူနိုက်တက်တို့ လန်ဒန်မြေမှာ ကျော်ဖြတ်သွားနိုင်မလား

12:01 PM, 13 November

ယမန်နေ့ညပွဲစဉ်တွေမှာ ၈ပွဲအထိ ကစားသွားခဲ့ပြီးနောက် ယနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်၂ပွဲ ရှိနေပါတယ်။ ခြေတက်နေတဲ့ ဘရိုက်တန်နဲ့ အမ်မရီလက်ထက် အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ ဗီလာတို့ရဲ့ ပွဲစဉ်ကလည်း ပွဲကောင်း၁ပွဲ ဖြစ်လာနိုင်ပါတယ်။ အလားတူ လီဗာပူး၊ မန်စီးတီးတို့လို အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဖူလ်ဟမ်ကို နိုင်ပွဲတွေ လိုအပ်နေတဲ့ ယူနိုက်တက်အသင်း လန်ဒန်မြေမှာ ကျော်ဖြတ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။ ဒီလိုပွဲစဉ်တွေအကြောင်း ဘောလုံးစတားအယ်ဒီတာတွေက ပွဲကြိုခန့်မှန်းချက်အဖြစ် တင်ဆက်ထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်