ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ ရလဒ်ဆိုးမှုဟာ ပွဲကျပ်တွေဆက်တိုက်ကစားရတာကြောင့်ဆိုပြီး အပြစ်တင်လိုက်တဲ့ ပေါ်တာ

9:35 AM, 13 November

ဂရေဟမ်ပေါ်တာက ယမန်နေ့ည နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ရလဒ်ဆိုးရွားမှုဟာ ပွဲကျပ်တွေဆက်တိုက်ကစားရတာကြောင့်ဖြစ်တယ်ဆိုပြီး အပြစ်တင်သွားခဲ့ပါတယ်။

ယမန်နေ့ည ရှုံးပွဲအပြီး ချဲလ်ဆီးအသင်းဟာ နောက်ဆုံး၃ပွဲဆက် ရှုံးခဲ့သလို နောက်ဆုံး၅ပွဲဆက်လည်း နိုင်ပွဲပျောက်ထားခဲ့ပါတယ်။

အဆိုပါရှုံးပွဲကြောင့် ချဲလ်ဆီးဟာ အဆင့်၄နေရာက တော့တင်ဟမ်နဲ့လည်း ၈မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ပေါ်တာက "ဒီလိုရလဒ်တွေ ထွက်လာတာက မကောင်းပါဘူး။ အဲ့ဒါက ရိုးရှင်းပေမယ့် ကျွန်တော်တို့ ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့နေရလဲဆိုတာ အဖြေရှာရပါဦးမယ်။ အဲ့ဒါတွေက ချက်ချင်းဆိုသလို ဖြစ်လာတာမဟုတ်ပါဘူး"

"ကျွန်တော်တို့ ပွဲတွေအများကြီး ကစားထားရပြီး အဓိက ကစားသမားတွေ ဒဏ်ရာရနေတာက တည်ငြိမ်မှုကို ဖျက်ဆီးခဲ့ပြီး ဒီနေ့မှာလည်း သူတို့ မပါနိုင်ဘူးဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒီလိုကာလမျိုးက အတော်လေး စိန်ခေါ်မှုမြင့်မားပါတယ်"

"ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်း၄သင်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စိန်ခေါ်မှုအလွန်များပါတယ်။ အဲ့ဒါကို လက်မခံနိုင်ရင် ကျွန်တော်တို့ အဲ့ဒါကိုရင်ဆိုင်ပြီး ရှေ့ဆက်ရပါမယ်"လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပေါ်တာက "အဲ့ဒီအရာတွေက လုံးဝမလွယ်ကူပါဘူး။ လော့ဖ်တက်ချိကို ဆုံးရှုံးခဲ့ရသလို အက်စ်ပီလီကျူတာကလည်း ရုန်းကန်နေရလို့ လူလဲလိုက်ရပါတယ်"

"ဒါမျိုးက ပုံစံကောင်းရနေတဲ့အသင်းအတွက် လွယ်ကူတဲ့အရာမဟုတ်ပဲ ပထမပိုင်းမှာ အဆင်ပြေပေမယ့် ဒုတိယပိုင်းမှာကျတော့ ပြိုင်ဘက်က ကျွန်တော်တို့ထက် ပိုကောင်းလာခဲ့ပါတယ်"

"ကျွန်တော်တို့ ဒါကို တော်တော်လေး ချိန်ညှိရမှာဖြစ်ပြီး အဲ့ဒီလိုလုပ်နိုင်ခဲ့ပါတယ်။ ဂယ်လာဟာ အခွင့်အရေးရခဲ့သလို ပုတ်ကလည်း ကာကွယ်မှုပြုလုပ်ပြီးနောက် နယူးကာဆယ်က ဂိုးရသွားလို့ ကျွန်တော်တို့ ပြန်လိုက်ကစားရပါတော့တယ်"လို့ ပြောခဲ့ပါတယ်။

#ချဲလ်ဆီး #ပေါ်တာ #ပရီးမီးယားလိဂ်