ရှေ့သို့
Image

ကမ္ဘာ့ဖလား လူစာရင်းကနေ အထုတ်ခံရမှုအပေါ် ဒေါသထွက်နေတဲ့ ဆီလက်ဆန်

10:39 AM, 12 November

သတင်းတွေအရ နယ်သာလန်ဂိုးသမား ဆီလက်ဆန်တစ်ယောက် ကမ္ဘာ့ဖလားလူစာရင်းကနေ အထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်သားဟာ နယ်သာလန်အသင်းအတွက် ၆၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး အတွေ့အကြုံရင့် ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ဆီလက်ဆန်ဟာ ဗန်ဟားလ် လက်အောက်မှာ ပထမဦးစားပေး ဂိုးသမားဖြစ်ခဲ့ပြီး ယူရို ၂၀၂၀ တုန်းက အသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် ကိုဗစ်ကြောင့် နုတ်ထွက်ခဲ့ရပါတယ်။

သတင်းတွေအရ ဆီလက်ဆန်ဟာ ကာတာသွားမယ့် နယ်သာလန်လူစာရင်းမှာ မပါဝင်ဘူးလို့ သိရပါတယ်။ နယ်သာလန်ကလပ် NEC အသင်းအတွက်ကစားပေးနေတဲ့ ဆီလက်ဆန်ကတော့ အခုလုပ်ရပ်နဲ့ပတ်သက်ပြီး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ နယ်သာလန်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဆီနီဂေါအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ကာတာ ၊ အီကွေဒေါအသင်းတွေနဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။

ဗန်ဟားလ်ကတော့ ကမ္ဘာ့ဖလားလူစာရင်းကို သောကြာနေ့မှာ ကြေညာဖွယ်ရှိနေပါတယ်။

#နယ်သာလန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဆီလက်ဆန်