ရှေ့သို့
Image

ဘရာဇီး အသင်းမှာ ရွေးချယ်ခံရတဲ့အပေါ် တုံ့ပြန်ပြောကြားလာတဲ့ မာတီနယ်လီ

10:31 AM, 12 November

အာဆင်နယ်စတား မာတီနယ်လီက ဘရာဇီးအသင်းမှာ ရွေးချယ်ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်သားဟာ အာဆင်နယ်အသင်းနဲ့အတူခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ကာတာသွားမယ့် ဘရာဇီးအသင်း ၂၆ ယောက်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအပတ်အစောပိုင်းတုန်းက ဘရာဇီးကွင်းလယ်လူဟောင်း နီတိုက မာတီနယ်လီကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ဖလာမင်ဂိုတိုက်စစ်မှူး ဘာဘိုဆာကို ခေါ်ယူခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။

“အဲ့တာက သာမန်ပဲလို့ ကျွန်တော်ထင်ပါတယ်။ ဘရာဇီးမှာရှိတဲ့လူအချို့က ကျွန်တော့်ကိုမသိပါဘူး။ အခြားကစားသမားတွေ ဒီနေရာနဲ့ ထိုက်တန်တယ်ဆိုတာက သာမန်ပါပဲ။ ဒါပေမယ့် ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော့်အသင်းမှာ ကျွန်တော် ဘာလုပ်နေလဲဆိုတာ သိပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်ကို ကျွန်တော်သိပါတယ်။ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာလည်း သိပါတယ်။ ဘရာဇီးအသင်းအတွက် ကျွန်တော်အကောင်းဆုံး လုပ်သွားမယ်ဆိုတာ သေချာပြောနိုင်ပါတယ်။ ဘယ်နေရာကနေဖြစ်ဖြစ် အသင်းကို ကူညီသွားမှာပါ။ အဲ့တာက ကျွန်တော့်အတွက် အကောင်းဆုံးအတွေ့အကြုံဖြစ်လာနိုင်ပါတယ်”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားရွေးချယ်ခံရမှုအပေါ်လည်း မာတီနယ်လီက “လူတိုင်း ကမ္ဘာ့ဖလားမှာပါဝင်ခွင့်ရရင် ပျော်ကြပါတယ်။ အာဆင်နယ်အတွက်လည်းကောင်းသလို ကစားသမားအားလုံးကစားချင်ကြပါတယ်။
အသင်းဖော်တွေဖြစ်တဲ့ ဆာကာ ၊ ရမ်စ်ဒဲလ် နဲ့ ဘင်ဝှိုက်တို့လည်း ခေါ်ယူခံရပါတယ်။ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်မှာပါ။ အဲ့အတွက်လည်း အလုပ်တွေအများကြီးလုပ်ရဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

#ဘရာဇီး #အာဆင်နယ် #မာတီနယ်လီ #၂၀၂၂ကမ္ဘာ့ဖလား