ရှေ့သို့
Image

နိုဝင်ဘာမှာ ရုတ်တရက် အနားယူခဲ့ရတဲ့ အကြောင်း ရှင်းပြလာတဲ့ ပီကေး

1:53 PM, 11 November

ဂျရက်ပီကေးဟာ ဘာစီလိုနာအသင်း အနေနဲ့ ဗဟိုခံစစ်မှာသာ ဒဏ်ရာရ ပြဿနာရှိမနေခဲ့ဘူးဆိုရင် သူ့အနေနဲ့ ယခုထက်ပိုပြီး စောစော ကစားသမားဘဝကနေ အနားယူဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ပီကေးဟာ သူ့အနေနဲ့ ကစားသမားဘဝက အနားယူတော့မယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။ ထို့နောက် ၂ ရက် အကြာမှာတော့ သူဟာ ဘာစီလိုနာ အသင်းနဲ့ ကစားသမားဘဝ နောက်ဆုံး ပွဲစဉ်ကို ကစားခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအသင်းအတွက် ၆၁၆ ပွဲ ကစားခဲ့ပြီး စီနီယာ ကစားသမားဘဝ ပွဲစဉ် ၇၆၉ ပွဲ ကစားခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီမှာ အသက် ၃၆ နှစ် ပြည့်မယ့် ပီကေးဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းမှာ ကောင်းကောင်း ကစားခွင့် မရခဲ့ပေမယ့် အသင်းရဲ့ နောက်တန်းကစားသမားတွေ ဖြစ်တဲ့ ၊ ကောင်ဒီ ၊ အာရူဂျိုနဲ့ ခရစ်တီယန်ဆန်တို့ ဒဏ်ရာ ရချိန်တွေမှာ အသင်းအတွက် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

Twitch မှာ ပီကေးက သူ့အနေနဲ့ ဘာစီလိုနာ အသင်းမှာ အဓိက ကစားသမားအဖြစ် မဟုတ်တော့ ကထဲက သူ့အနေနဲ့ ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ နောက်တန်းက ကစားသမားတွေ ဒဏ်ရာအခြေအနေကြောင့် အသင်းက သူ့ကို လိုအပ်နေတဲ့ အတွက် သူစောင့်နေခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"ဘာလို့ နိုဝင်ဘာမှာ အနားယူရသလဲဆိုတော့ အကြောင်းရင်းများစွာ ရှိပါတယ်။ ကျွန်တော့်နဲ့ ဇာဗီနဲ့ ရာသီအစက ကျွန်တော့်ကို ဦးစားပေးအသုံးပြုဖို့ ခက်ခဲမယ်လို့ ပြောခဲ့တာကို တော်တော်များများ မှတ်မိကြပါလိမ့်မယ်" "အဲ့ဒီအချိန်ကထဲက အသင်းမှာ နေရတာက သိပ်ပြီး မပျော်ရွှင်တော့ပါဘူး။ အနားရတာက ဆုံးဖြတ်ချက်ချနိုင်ဖို့ အခွင့် အရေးဖြစ်တယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကျွန်တော်အသင်းအတွက် အရေးမကြီး တော့ဘူးဆိုရင် ကျွန်တော် အသင်းကထွက်ခွာသွားမှာ ပါဆိုတာ အမြဲတမ်းပြောလေ့ရှိပါတယ်။ အသင်းမှာသာ နောက်တန်းက ဒဏ်ရာရ ကစားသမားတွေ ရှိမနေဘူးဆိုရင် ကျွန်တော် အသင်းက အခုထက်စောပြီး ထွက်ခွာမှာပါ" "တစ်ရက် ကစားပွဲပြီးတဲ့နောက်ရက် ကျွန်တော် လေ့ကျင့်ရေးမှာ ကျွန်တော် အနားယူတော့မယ်ဆိုတာကို အသင်းဖော်တွေကို ထုတ်ပြောမိတော့မလို့ ဖြစ်သေးတယ်။ ကျွန်တော့်အတွက် အသင်းမှာနေရာမရှိတော့တာ သိနေပြီလေ။ ဒါပေမယ့် ကစားသမားတွေက ဒဏ်ရာရနေတာနဲ့ ကျွန်တော်လည်း ကမ္ဘာ့ဖလားကာလနဲ့ ချိန်ပြီး အနားယူကြောင်း ကြေညာလိုက်ရတာပါ"လို့ ပီကေးက ရှင်းပြသွားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပီကေး