ရှေ့သို့
Image

အာဆင်နယ် ဂန္ထဝင်တွေဖြစ်တဲ့ အွန်နရီ၊ ဗီအဲရာတို့ ခြေရာနောက် လိုက်ဖို့ပြင်ဆင်နေတဲ့ ဆာလီဘာ

11:34 AM, 11 November

အာဆင်နယ်နောက်ခံလူ ဝီလီယံဆာလီဘာတစ်ယောက် ဂန္ထဝင်တွေဖြစ်တဲ့ အွန်နရီနဲ့ ဗီအဲရာတို့ ခြေရာနောက်ကို လိုက်နိုင်ဖို့မျှော်လင့်နေပြီး အာဆင်နယ်စတားဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူချင်နေပါတယ်။ ဗုဒ္ဓဟူးနေ့က ဘရိုက်တန်ကို အရေးမနိမ့်ခင် ဆာလီဘာဟာ ဒက်စ်ချမ့်ရဲ့ကာတာသွားမယ့်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဆာလီဘာဟာ အွန်နရီနဲ့ အသင်းဖော်တွေ ပြင်သစ်အသင်းကို ၁၉၉၈ ကမ္ဘာ့ဖလားယူပေးချိန်မှာ မွေးတောင်မမွေးသေးတာဖြစ်ပါတယ်။ ပြင်သစ်အသင်းမှာ အာဆင်နယ်အသင်း စတားတွေအောင်မြင်ခဲ့မှုကို ဆာလီဘာက ကာတာကမ္ဘာ့ဖလားမှာ လိုက်နင်းနိုင်ဖို့ အလိုရှိနေပါတယ်။

“မှန်ပါတယ်။ ကျွန်တော် ပြင်သစ်အသင်းနဲ့အတူ ရှေ့ကဂန္ထဝင်တွေဖြစ်တဲ့ ပီရက်စ် ၊ ဗီအဲရာနဲ့ အွန်နရီတို့ ခြေရာနောက်ကို လိုက်ချင်ပါတယ်။ အာဆင်နယ်မှာ ပြသခဲ့တဲ့ခြေစွမ်းကောင်းတွေကြောင့် ကျွန်တော်ကမ္ဘာ့ဖလား သွားရတာပါ။ အဲ့တာကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ လူတွေက ကျွန်တော့်ကို တစ်နာရီလောက် အလိုက ပြောနေကြပေမယ့် နည်းပြအတည်ပြုတာကို ကျွန်တော် စောင့်ခဲ့ပါတယ်။ နည်းပြက မီဒီယာကိုပြောချိန်မှာ ကျွန်တော် ပျော်ခဲ့ရပါတယ်”လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။

ဆာလီဘာဟာ ကာတာကိုသွားမယ့် အာဆင်နယ်ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အခြားအသင်းဖော်တွေကလည်း သက်ဆိုင်ရာအသင်းတွေနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့မှာ ဝုဗ်အသင်းနဲ့နောက်ဆုံးပွဲ ရင်ဆိုင်ရမှာဖြစ်ပြီး ဆာလီဘာက အောင်ပွဲခံနိုင်ဖို့ အာရုံစိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော် အခု အာဆင်နယ်နဲ့နောက်ဆုံးပွဲကို အာရုံစိုက်နေပါတယ်။ ဒီပွဲအပြီးမှာတော့ နိုင်ငံအသင်းအတွက် အာရုံစိုက်ပါမယ်”လို့ ဆာလီဘာက ပြောကြားခဲ့ပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်းထံ ၂၀၁၉ တုန်းက ပြောင်းလာခဲ့တာဖြစ်ပြီး အခုရာသီမတိုင်ခင်အထိ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

#ဆာလီဘာ #အာဆင်နယ် #ဗီအဲရာ #အွန်နရီ #ပရီးမီးယားလိဂ်