ရှေ့သို့
Image

ဒီဇင်ဘာပွဲကြပ်ကာလအမီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားသမားတွေ အသုံးပြုနိုင်မှာ မဟုတ်ကြောင်း အသိပေးလိုက်တဲ့ ဂရေဟမ်ပေါ့တာ

3:44 PM, 10 November

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ချဲလ်ဆီး အသင်းနဲ့ အတူ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ နည်းပြပေါ့တာ က ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေအနေဖြင့် ဒီဇင်ဘာ ပွဲကြပ်ကာလအမီ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေကို ပြန်လည် အသုံးပြုနိုင်ဖို့ မျှော်လင့်မထားသင့်တဲ့ အကြောင်း အသိပေးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာ ၁၈ရက်နေ့မှာ ကျင်းပမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားတွေကို ပြန်လည် ထည့်သွင်းကစားနိုင်ဦးမှာ မဟုတ်တဲ့အကြောင်းကို ချဲလ်ဆီးနည်းပြ ပေါ့တာက“ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အခါ ဘယ်အရာကများ စိတ်အားတက်ကြွစေမလဲ မတွေးတတ်အောင် ဖြစ်နေမိပါတယ်” “ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတဲ့ အသင်းရဲ့ ကစားသမားတွေက အမိုးဖွင့်ဘက်စ်ကားတွေနဲ့ လှည့်လည်အောင်ပွဲ ခံကြဦးမယ်။ ပြီးရင် အနားယူဖို့ ၃ပတ်လောက် အချိန်ပေးကြရဦးမှာပါ”

“ကျွန်တော့် အတ္တကိုသာ ရှေ့တန်းတင်ပြောရမယ်ဆိုရင် ကစားသမားတွေအစုံအလင်နဲ့သာ ပြန်လည် စတင်ကစားချင်တာကြောင့် ကစားသမားတွေကို ပြန်တောင် ခေါ်ချင်စိတ် ဖြစ်ပေါ်မိပါတယ်” “ပြိုင်ပွဲမှာ အနိုင်မရလို့ အောင်ပွဲခံခွင့်မရတဲ့ ကစားသမားအတွေ အနေဖြင့်လည်း စိတ်ပိုင်း ဆိုင်ရာအရ ပြန်လည် ခွန်အားဖြည့်နိုင်ရေးအတွက် အနားယူချိန်ပေးဖို့ လိုနေပါသေးတယ်” “တကယ်လို့ ဗိုလ်လုပွဲစဉ်မှာ အရေးနိမ့်တဲ့ အသင်းရဲ့ ကစားသမားတွေ အနေဖြင့် အနည်းဆုံး ၃ရက် / ၄ရက် အထိတော့ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်တက်ကြွလာစေဖို့ အချိန်ယူ ရဦးမှာပါ”လို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #၂၀၂၂ကမ္ဘာ့ဖလား