ရှေ့သို့
Image

ဘရီမာက အခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ဆိုလိုက်တဲ့ ဘရာဇီးနည်းပြ တီတီ

1:06 PM, 10 November

ဘရာဇီးနည်းပြ တီတီက ဂျူဗင်တပ်နောက်ခံ ကစားသမား ဂယ်လီဆန် ဘရီမာအနေနဲ့ အံ့အားသင့်ဖွယ် အရည်အသွေးတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ ဘရီမာဟာ ဂျူဗင်တပ်အတွက်ပွဲကစားချိန် များစွာ မရရှိထားခဲ့ပေမယ့် တီတီကတော့ ဘရာဇီး အသင်းအတွက် ကစားသမားကို ခေါ်ယူခဲ့ပါတယ်။

"ဘရီမာက နိုင်ငံ အသင်းမှာ ခေါ်ယူကစားခြင်း ခံရဖို့ အခွင့်အရေး ရှိသူပါ။ သူ့ရဲ့ တိုရီနိုနဲ့ ဂျူဗင်တပ်အသင်းမှာ စွမ်းဆောင်ရည်က ထိပ်တန်းအဆင့်ပါပဲ" "သူ့ကို သေချာ အနီးကပ်မလေ့လာခဲ့ရလို့ ကျွန်တော်တို့မှားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျွန်တော်တို့ရဲ့ စောင့်ကြည့်မှုကို အစောကြီးထဲက ရရှိထိုက်တဲ့သူပါ။ သူဒီကိုရောက်လာပြီး ပွဲမှာရော လေ့ကျင့်ရေးတွေမှာရော ကျွန်တော်တို့ အတူတူ အလုပ်လုပ်ထားပါတယ်။ သူက သူ့မှာရှိတဲ့ အရည်အသွေးကို ပြသထားပြီး တကယ်လည်း ကစားသမားကောင်းတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်”လို့ တီတီက ပြောခဲ့ပါတယ်။

#စီးရီးအေ #တီတီ #ဘရာဇီး #ဂျူဗင်တပ်စ် #ဘရီမာ