ရှေ့သို့
Image

ယူ - ၁၈ အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ နွမ်နာရီကို ချီးကျူးပြောကြားလိုက်တဲ့ ဝီလ်ရှီးယား

11:13 AM, 9 November

အာဆင်နယ်လူငယ်အကယ်ဒမီနည်းပြ ဝီလ်ရှီးယားက ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး နွမ်နာရီကို ချီးကျူးပြောကြားလိုက်ပါတယ်။

နွမ်နာရီဟာ အခုအပတ်မှာကစားခဲ့တဲ့ယူ - ၁၈ ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ၉ မိနစ်အတွင်း ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိယူ - ၁၈ နည်းပြ ဝီလ်ရှီးယားက နွမ်နာရီရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်ပါတယ်။ 

“ပထမပိုင်းမှာာ သူနေရာလွတ်တွေရအောင် ကြိုးစားခဲ့ရပါတယ်။ လူတွေနောက်မှာကစားရင်း နေရာလွတ်ကို သူကိုယ်တိုင်ဖန်တီးနေရပါတယ်။ သူအနည်းငယ်လောက်ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတေ့ သူအရမ်းကောင်းလာခဲ့ပြီး တကယ့်ကို ထိပ်တန်းခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကစားသမားတော်တော်များများ အဆင့်တစ်ခုရောက်ခဲ့ပြီး နေရာလွတ်တွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ နည်းစနစ်အပြောင်းအလဲက အီယန်ကို နေရာလွတ်တွေရစေခဲ့ပါတယ်။

ကျွန်တော်တို့ ကောင်းမွန်တဲ့အခိုက်အတန့်ရှိခဲ့ပြီး အီသန်က ဒုတိယပိုင်းမှာ အကောင်းဆုံးကစားသမားပါ”လို့ ဝီလ်ရှီးယားက ပြောကြားခဲ့ပါတယ်။

နွမ်နာရီဟာ စက်တင်ဘာလက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ရဲ့အသက်အငယ်ဆုံးစံချိန်တင်ခဲ့ပြီး နောက်ထပ်နေရာရဖို့ စောင့်ဆိုင်းနေရကာ လာမယ့်ဒုတိယရာသီဝက်မှာတော့ နေရာရလာဖွယ်ရှိနေပါတယ်။

အာဆင်နယ်ဟာ ကြားရက်မှာ ကာရာဘောင်ဖလားအဖြစ် ဘရိုက်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ကာ နွမ်နာရီပါဝင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

#အာဆင်နယ် #ဂျက်ဝီလ်ရှီးယား #ပရီးမီးယားလိဂ် နွမ်နာရီ