ရှေ့သို့
Image

ဗီလာကို အရေးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ တိုးတက်မှုကို တားဆီးလို့ ရမှာမဟုတ်ကြောင်း ဒါလော့ ပြောကြား

11:28 AM, 8 November

ယူနိုက်တက်နောက်ခံလူ ဒါလော့က ဗီလာကို အရေးနိမ့်ခဲ့ပေမယ့် တန်ဟက်လက်အောက်မှာ တိုးတက်နေတဲ့ ယူနိုက်တက်ကို ဖျက်လို့ရမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

မန်စီးတီးကို ၆-၃ ဂိုးနဲ့ အရေးနိမ့်ပြီးကတည်းက ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၉ ပွဲဆက် မရှုံးနိမ့်အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဗီလာအတွက် ဂိုးတွေကို ဒစ်ဂ်နီ၊ ဘိုင်လီ ၊ ရမ်ဆေးတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် ချေပဂိုးကို လုခ်ရှောက သွင်းယူပေးခဲ့ပါတယ်။

တန်ဟက် လက်အောက်မှာ တိုးတက်လာမှုအပေါ် ဒါလော့က အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ဒီနေ့အရေးနိမ့်မှုက ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမှာမဟုတ်ပါဘူး။ အခုတိုးတက်နေတဲ့အနေအထားကိုလည်း ဖျက်လို့ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လာမယ့်ပွဲတွေမှာ ပိုကောင်းအောင်လုပ်ဆောင်ရပါမယ်။ ကြာသပတေးနေ့မှာ နောက်ထပ် အခွင့်အရေးတစ်ကြိမ်ရှိနေပါတယ်။ ဒါက ပြိုင်ပွဲဖြစ်တာကြောင့် ကျွန်တော်တို့ ကျော်ဖြတ်ရပါမယ်”လို့ ဒါလော့က ပြောကြားခဲ့ပါတယ်။

အမ်မရီရဲ့အသင်းဟာ တနင်္ဂနွေနေ့တုန်းက ယူနိုက်တက်ထက်ပိုကောင်းခဲ့ပြီး ပထမဆုံးပွဲမှာတင် အနိုင်ရ ရရှိခဲ့တာဖြစ်ပါတယ်။ “ရလဒ်အတွက်တော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပထမပိုင်း ၁၀ မိနစ်မှာ ကစားချင်သလိုမဖြစ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း အတူတူပါပဲ။ အဲ့တာက ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ နောက်ပွဲတွေအတွက် ပြင်ဆင်ရပါမယ်။ စိတ်ပျက်မိသလို ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ထိန်းချုပ်မှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ သရေကျခဲ့သင့်တာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မကောင်းခဲ့ပဲ အဲ့တာက အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ဒါလော့က ယူနိုက်တက်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ဒီယေဂိုဒါလော့ #တန်ဟတ် #ပရီးမီးယားလိဂ်