ရှေ့သို့
Image

မာတီနက်ဇ်ရဲ့ လုပ်ရပ်အပေါ် လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့တဲ့ လီယွန်ဘိုင်လီ

10:45 AM, 8 November

အက်စ်တွန်ဗီလာစတား လီယွန်ဘိုင်လီက ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း မာတီနက်ဇ်ရဲ့လုပ်ရပ်ကို လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။

တန်ဟက်ရဲ့ယူနိုက်တက်အသင်းရဲ့ဟာ ၁၁ မိနစ်အတွင်း ဗီလာအသင်းရဲ့ ၂ ဂိုးအထိ သွင်းယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြဟောင်း အမ်မရီက ဗီလာအသင်းမှာ အစကောင်းခဲ့ပြီး ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ဗီလာအသင်းက ရမ်ဆေးက တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီး ဒုတိယပိုင်းမှာ ဘိုင်လီနဲ့ မာတီနက်ဇ်တို့ ကွင်းထဲမှာ ပြဿနာ တက်ခဲ့သေးတာဖြစ်ပါတယ်။ အာဂျင်တီနားစတားဟာ ဗီလာစတားကို ဥပဒေပြင်ပကျူးလွန်ခဲ့တာဖြစ်ကာ ကွင်းလယ်ဒိုင် အန်တိုနီတေလာက လျစ်လျူရှုခဲ့တာဖြစ်ပါတယ်။ ဘိုင်လီဟာ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒိုင်တွေရဲ့စွမ်းဆောင်ရည်ကို လူမှုမီဒီယာကနေ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ဒိုင်ရဲ့စွမ်းဆောင်ရည်က တကယ့်ကို စိတ်ပျက်စရာပါ။ ကျွန်တော် စက္ကန့်ပိုင်းလောက် အသက်မရှုနိုင်ဖြစ်ခဲ့ရပါတယ်။ စည်းကြပ်ဒိုင်ကလည်း ဘာမှမဖြစ်ဘူး မင်းထသင့်တယ်လို့ ပြောပါတယ်။ တခါတလေမှာ VAR ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး နားမလည်နိုင်ဖြစ်ရပါတယ်”လို့ ဘိုင်လီက တွစ်တာမှာ တင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #မာတီနက်ဇ် #ဘိုင်လီ #ပရီးမီးယားလိဂ်