ရှေ့သို့
Image

တံကောက်ကြော ဒဏ်ရာခံစားနေရသော်လည်း ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာမရှိနေတဲ့ ကနေဒါကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်

10:53 AM, 7 November

ကနဦးမှ စိုးရိမ်ခဲ့ရသော်လည်း အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ ဒဏ်ရာက ပြင်ထန်းခြင်းမရှိဘဲ ကမ္ဘာ့ဖလားမှာ ကနေဒါအတွက် ပါဝင်ကစားပေးဖို့ အဆင်ပြေကြောင်း ဘိုင်ယန်မြူးနစ်က ပြောကြားထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ စနေနေ့က ဘိုင်ယန်မြူးနစ်ရဲ့ ဟာသာဘာလင်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်လို့ တနင်္ဂနွေနေ့မှာ ဘိုင်ယန်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဂျာမန်ကလပ်ရဲ့ ကမ္ဘာ့ဖလားမတိုင်ခင် လက်ကျန်ပွဲစဉ် ၂ ပွဲကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံသားရဲ့ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ဖို့က စိုးရိမ်စရာ စွန့်စားစရာမရှိပါဘူးလို့ အသင်းရဲ့ဆေးအဖွဲ့ကပြောကြောင်း ဘိုင်ယန်က ဆိုထားပါတယ်။ ခြေစမ်းပွဲစဉ်အဖြစ် ကနေဒါဟာ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဘာရိန်းနှင့် ကစားရမှာဖြစ်ပြီး ၁၇ ရက်နေ့မှာတော့ ဂျပန်နှင့် ကစားရမှာဖြစ်ပါတယ်။ ဒါဟာ ကာတာရှိပြိုင်ပွဲအစကတည်းက စိန်ခေါ်မှုဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ဘယ်လ်ဂျီယံနှင့် ကစားရမှာဖြစ်ကာ အဲ့ဒီနောက် ၂၇ ရက်နေ့မှာ ခရိုအေးရှား၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ မော်ရိုကိုတို့ရဲ့ ကစားရမှာဖြစ်ပါတယ်။

တောင်ပံခံစစ်နဲ့ ဘယ်နောက်တန်းအဖြစ်ပါ ကစားနိုင်တဲ့ ဒေးဗီးစ်ဟာ လက်ရှိရာသီဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါမှာ ၁ ပွဲမှာသာ ကစားထားရပြီး ချန်ပီယံလိဂ်မှာ ၁ ပွဲသာ ကစားထားရပါတယ် သူဟာ ကနေဒါအတွက် ၃၅ ပွဲကစားထားပြီး ၁၂ ဂိုး သွင်းယူပေးထားပါတယ်။

ကနေဒါဟာ အသင်းရဲ့ဂိုးသမား မက်ဆီမီဆီပီအူ မပါဝင်ဘဲကစားရမှာဖြစ်ပြီး သူ့ရဲ့ခြေထောက်မှာလည်း ဆိုးရွားတဲ့ ဒဏ်ရာ ရရှိထားသလို စနေနေ့က MLS ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် လော့စ်အိန်ဂျယ်လိစ်နဲ့ ဖီလ်လာဒယ်ဖီယာအား အနိုင်ရရှိခဲ့တဲ့ ပွဲရဲ့ အချိန်ပိုမှာ အနီကဒ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ဂိုးသမားဟာ ကာတာမှာ ကနေဒါအသင်းရဲ့ဂိုးသမားအဖြစ် ကစားဖို့ရှိနေတာဖြစ်ပြီး ဖီလ်လာဒယ်ဖီယာက တိုက်စစ်မှုး ဘာကီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကဒ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့အသင်းဟာ ဘေးလ်ရဲ့ ၁၂၈ မိနစ်တွင် သွင်းယူခဲ့တဲ့ဂိုးကြောင့် ၃-၃ ဂိုး သရေဖြစ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၃-၀ ဂိုးဖြင့်အနိုင့်ရရှိခဲ့ပါတယ်။

ဆီပီအူဟာ ကမ္ဘာ့ဖလား ကစားမယ့် ကနေဒါအတွက် ၅ ပွဲ ကစားပေးထားပါတယ်။ ရက်စတားဘယ်ဂရိတ်ရဲ့ မီလန်ဘော်ဂျန်က ၁၄ ပွဲ မီနီဆိုတာရဲ့ ကလဲက ၁ ပွဲကစားပေးထားပါတယ်။

#ဒေးဗီးစ် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #၂၀၂၂ကမ္ဘာ့ဖလား