ရှေ့သို့
Image

ပေါင်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မယ့် ကော်တင်ဟို

10:39 AM, 7 November

အက်စတွန်ဗီလာစတား ဖီလစ်ပီကော်တင်ဟိုဟာ ပေါင်ဒဏ်ရာကြောင့် ၁၀ပတ်နဲ့အထက် အနားယူရတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။

ဘရာဇီးသားဟာ ပုံမှန်ခြေစွမ်းမရမှုကြောင့် ဗီလာအသင်းမှာ ပွဲထွက်ခွင့်ပုံမှန်မရဘဲဖြစ်နေသလို ယခုအချိန်မှာလည်း ကမ္ဘာ့ဖလားနဲ့ပါ ထပ်လွဲတော့မှာပါ။ ကော်တင်ဟိုဟာ ယမန်နေ့ညက ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မပါဝင်သလို နည်းပြ အမ်မရီက လာမယ့် ကာရာဘောင်ဖလားပွဲစဉ်၊ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့မှာလည်း ပါဝင်ဦးမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

ကော်တင်ဟိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့က ဘာစီလိုနာကနေ အငှားနဲ့ ရောက်လာခဲ့ပြီး ခြေစွမ်းပိုင်း အတက်အကျများခဲ့ပေမယ့် ဗီလာက ပေါင် ၁၇သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ထင်ထားသလို ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းရဲ့ရလဒ်တွေကပါ ဆိုးရွားလာခဲ့ကာ နည်းပြ ဂျရတ်ပါ ထုတ်ပယ်ခံရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ ဒဏ်ရာရနေတဲ့ ကော်တင်ဟိုတစ်ယောက် နည်းပြ အမ်မရီလက်ထက်မှာ ဘယ်လို အနာဂတ်ရှိလာမယ်ဆိုတာ မသိနိုင်သေးပါဘူး။

#အက်စတွန်ဗီလာ #ကော်တင်ဟို #၂၀၂၂ကမ္ဘာ့ဖလား