ရှေ့သို့
Image

ဇာဟာက ထိပ်တန်အသင်းတွေမှာလည်း ကစားနိုင်ပါတယ်လို့ပြောဆိုလိုက်တဲ့ မိုယက်စ်

10:28 AM, 6 November

တနင်္ဂနွေနေ့မှာကစားမယ့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်ခင်မှာ ဇာဟာက ထိပ်တန်အသင်းတွေမှာလည်း ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်လို့ မိုယက်စ်က ပြောဆိုလိုက်ပါတယ်။


၂၀၁၃-၁၄ ရာသီမှာတုန်းက ဇာဟာဟာ မိုယက်စ်ရဲ့ ယူနိုက်တက်ကစားသမားဖြစ်ခဲ့ဖူးတာဖြစ်သော်လည်း ကာဒစ်သို့ အငှားမထွက်ခွာမီ ရာသီဝက်သာ ကစားခဲ့ရတာဖြစ်ပါတယ်။


လက်ရှိပဲလေ့စ်အသင်းရဲ့တိုက်စစ်မှုးဟာ ၂၀၁၃ ခုနှစ်ဇန်နဝါရီမှာ တောင်လန်ဒန်ကလပ်ကနေ ယူနိုက်တက်သို့ ပြောင်းရွေ့ခဲ့တာဖြစ်သော်လည်း ဩဂုတ်လ ၂၀၁၄ခုနှစ်တွင် ဆယ်ဟက်စ်ပါ့ခ်သို့ မရောက်ရှိ ၄ ပွဲသာ ကစားခဲ့ရတာဖြစ်ကာ နောက်တစ်နှစ်ဖေဖော်ဝါရီမှာတော့ အပြီးသတ်ပြောင်းရွေ့ခဲ့ပါတယ်။


အဲ့ဒီကတည်းက သူဟာ ပဲလေ့စ်အတွက် ခြေစွမ်းပြကစားခဲ့ပြီး လက်ရှိရာသီမှာလည်း ၅ ဂိုးသွင်းယူထားကာ သူ့ရဲ့နည်းပြဟောင်းထံကနေ ချီးကျူမှုများရရှိထားသူဖြစ်ပါတယ်။


"သူဟာ တော်တော်လေးတိုးတက်လာပြီး ထိပ်တန်အသင်းတော်တော်များများမှာကစားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ကစားနိုင်တဲ့သူဖြစ်ပါတယ်"


"တစ်ခါတစ်လေ ကိုယ့်ရဲ့အိမ်ဖြစ်တယ်လို့ ခံစားလာရပြီဆိုရင် အဲ့ဒီပတ်ဝန်းကျင်မှာပျော်ရွင်လာပြီး အဲ့ဒီအသင်းအတွက်လည်း သူက ကစားသမားကောင်းဖြစ်လာကာ ပဲလေ့စ်အတွက် အဓိကကစားသမားဖြစ်လာခဲ့ပါတယ်"


"အမြင်တစ်ခုအရကြည့်မယ်ဆိုရင် မြက်ဆိုတာက အမြဲတမ်းစိမ်းလန်းနေတာမဟုတ်ပါဘူး။ သူသာ ရွေးချယ်ခဲ့မယ်ဆိုရင် အသင်းကြီးတွေ တော်တော်များများမှာ ကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတဘ်" လို့ မိုယက်စ်က ပြောပါတယ်။


ပရီးမီးယားလိဂ်မှာ ဧပြီလကတည်းက ပဲလေ့စ်မှာ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ နောက်ဆုံး ၄ ပွဲကို အနိုင်ရရှိထားတဲ့ ဝက်စ်ဟမ်းနှင့်ကစားဖို့အတွက် လန်ဒန်ကွင်းကြီးဆီသို့ လာရောက်ရမှာဖြစ်ပါတယ်။


လက်ရှိရာသီမှာ ပဲလေ့စ်က ရုန်းကန်နေရသော်လည်း သူတို့အသင်းက တောင့်တင်းတဲ့ပြိုင်ဘက်ဖြစ်တယ်လို့ မိုယက်စ်က လက်ခံထားတာဖြစ်ပါတယ်။


"ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျွန်တော်တို့ဟာ သူတို့အသင်းနဲ့ ခက်ခက်ခဲခဲ ကစားထားရတာပါ။ သူတို့ဟာ တဖြည်းဖြည်းတိုးတက်လာမှုတွေရှိပါတယ်။ တစ်ဦးချင်းအရည်အချင်းပြည့်ဝတဲ့ ကစားတွေရှိပြီး အသင်းကောင်းတစ်သင်းဖြစ်ပါတယ်"


"သူတို့က အသင်းလိုက်စုဖွဲ့မှုကောင်းတဲ့အသင်းဖြစ်တာကြောင့် အမြဲတမ်းရုန်းကန်နေရတဲ့အသင်းအဖြစ် မမြင်မိပါဘူး။ သူတို့က တောင့်တင်းပြီး တည်ငြိမ်တဲ့အသင်းဖြစ်ပါတယ်" လို့ မိုယက်စ်က ပြောပါတယ်။

#ဇာဟာ #ခရစ္စတယ်ပဲလေ့စ် #မိုယက်စ် #ပရီးမီးယားလိဂ်