ရှေ့သို့
Image

ဝေဖန်ခံနေရတဲ့ ရိုမဲရိုးဘက်ကနေ ကာကွယ်ပေးလိုက်တဲ့ တော့တင်ဟမ်နည်းပြ ကွန်တီ

10:19 AM, 6 November

နောက်တန်းကစားသမားဟာ ပြီးခဲ့တဲ့လက နယူးကာဆယ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲကိုလွဲချော်ခဲ့ပြီး ရက်အနည်းအငယ်ကြာ စပို့တင်းနဲ့ပွဲမှာ ပြန်လည်ပါဝင်ခဲ့သော်လည်း ဘုန်းမောက်နှင့် မာဆေးလ်တို့အား အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာတော့ ပါဝင်ခဲ့ခြင်းမရှိပါဘူး။


တနင်္ဂနွေနေ့ လီဗာပူးနှင့်ပွဲမှာလည်း ကစားနိုင်မှာမဟုတ်တဲ့ ရိုမဲရိုးကို ပရိသတ်အချိုကတော့ ကလပ်အပေါ်သူ့ရဲ့ပေးဆပ်ကစားပုံကို မေးခွန်းထုတ်လိုက်ပါတယ်။


ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ ချန်လှပ်ထားပေးဖို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က တောင်းဆိုခဲ့တာဖြစ်ပြီး အဆိုပါအချက်ကလည်း ငြင်းဆိုခြင်းခံခဲ့ရသလို ကစားသမားတော်တော်များများကလည်း လက်ရှိမှာ ဒဏ်ရာရရှိခြင်းနှင့် ကလပ်အတွက် ကစားပေးနိုင်တဲ့ အနေအထားမှာမရှိနေကြတာဖြစ်ပါတယ်။


ကာတာမှာကစားဖို့အတွက် ရိုမဲရိုးက သူ့ကိုယ်သူ အနားပေးလိုက်တာဖြစ်ပါတယ်လို့ ပြောဆိုနေခြင်းကို ကွန်တီက ကာကွယ်ပြောဆိုပေးထားပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားကတော့ ကြံ့ခိုင်မှု မပြည့်ဝဘဲနဲ့ ပွဲထွက်ချင်နေတာဖြစ်ပါတယ်လို့ ပြောထားပါတယ်။


ရိုမဲရိုးဟာ ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်လွန်းနေပါတယ်လို့ ကလပ်ပရိသတ်အချို့က ပြောဆိုထားပြီး ကွန်တီကတော့ "ဒါက မဟုတ်ပါဘူး၊ အဲ့ဒီအတွက် ကျွန်တော်အာမခံပေးနိုင်ပါတယ်။ ခြေထောက်တစ်ဖက်နဲ့ပဲ ကစားပေးဖို့ဖြစ်နိုင်တဲ့အခြေအနေမှာ ကျွန်တော်တောင်းဆိုရင်တောင် သူကပေးမှာချင်နေတာဖြစ်ပါတယ်"


"ဒါကြောင့် ကျွန်တော်တို့ကစားသမားတွေအားလုံးက ကလပ်အတွက် ပေးဆပ်ကစားပေးထားတာဖြစ်ပြီး ရိုမီရိုကလည်း ဒဏ်ရာရရှိနေကာ စွန့်စားမှုကို ကျွန်တော်တို့ကရော သူကပါ စွန့်စားမှုမလုပ်ချင်တာကြောင့် ဖြစ်ပါတယ်လို့ ပရိသတ်တွေကို ပြောချင်ပါတယ်"


"သူကလည်း ဒဏ်ရာရရှိထားသလို အသင်းတော်တော်များများကလည်း ဒဏ်ရာရရှိထားကြတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ၃ ရက်ကို ၁ ပွဲကစားနေရတာကြောင့်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးက မဖြစ်နိုင်သလို အနာဂတ်အတွက်လည်း မဖြစ်နိုင်ဘူးလို ထင်ပါတယ်။ ကစားသမားတွေရဲ့ ကောင်းကျိုးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ကြားနေရသော်လည်း အခုကိစ္စက အနာဂတ်အတွက် အရေးကြီးတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ ပွဲစဉ်ဇယားတွေက အခုလိုသာဖြစ်နေမယ်ဆိုရင်တော့ ကစားသမားတွေရဲ့ အနေအထားနဲ့ပတသက်ပြီး သူတို့တွေက မစိုးရိမ်နေတာဖြစ်ပါတယ်" လို့ ပြောပါတယ်။


ရိုမဲရိုး၊ ဆွန်ဟောင်မင် တို့ကတော့ ခွဲစိတ်မှုခံယူရမှာဖြစ်တယ်ဆိုတာနဲ့ ရစ်ချာလီဆန်ကလည်း တနင်္ဂနွေနေ့ လီ‌ဗာပူးနဲ့ပွဲကို လွဲချော်မယ်ဆိုတာ ကွန်တီက အတည်ပြုထားပြီး  နောက်ဆုံး ၁၀ ပွဲ လွဲချော်ထားတဲ့ ကူလူဆက်ဗ်စကီးကတော့ အရန်ခုံမှာ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။


"ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားတွေရှိနေပါတယ်၊ ရစ်ချာလီဆန်ကတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ရိုမဲရိုး အတွက်လည်း အတူတူပဲဖြစ်ကာ ဘန်တန်ကျူအာကတော့ သက်သာလာပါပြီ။ ဒီနေ့မှာ သူက လေ့ကျင့်ခန်းဆင်းနေပါပြီ၊ ကူလာဆက်ဗ်စကီးကလည်း ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း တစ်ဝက်လောက် ဆင်းခဲ့ပါတယ်"


"လူးကပ်စ်မော်ရာကတော့ သူ့ရဲ့အရွတ်မှာ နာကျင်မှုခံစားနေရတုန်းပါ။ ဒီနေ့မှာတော့ သူက တော်တော်လေးဆိုးရွားခဲ့ပြီး အဲ့ဒီအတွက်လည်း စိုးရိမ်မိပါတယ်လို့ ကျွန်တော့်ကိုပြောထားပါတယ်။ ဒါပေမဲ့ အသင်းကလည်း လိုအပ်နေတာကြောင့် အမြန်ဆုံးသက်သာလာအောင်လုပ်ဖို့အတွက် ကျွန်တော်က သူ့ကိုတောင်းဆိုထားပါတယ်။ ဆွန်နီကတော့ အားလုံးသိတဲ့အတိုင်းခွဲစိတ်မှုခံယူရမှာပါ" လို့ ကွန်တီက ပြောပါတယ်။

#ရိုမဲရိုး #တော့တင်ဟမ် #ကွန်တီ #ပရီးမီးယားလိဂ်