ရှေ့သို့
Image

ပရီးမီးယားလိဂ်မှာ သက်တော်ရှည်ဖြစ်နေရတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂျိမ်းစ်မီလ်နာ

1:45 PM, 5 November

လီဗာပူးစတား ဂျိမ်းစ်မီလ်နာက ပရီးမီးယားလိဂ်မှာ သက်တော်ရှည်ဖြစ်နေရတဲ့လျှို့ဝှက်ချက် အလုပ်ကြိုးစားတာ နဲ့ အရက်သေစာရှောင်ကြဉ်တာကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လိဒ်ယူနိုက်တက်အတွက် ကစားပေးပြီးကတည်းက ပရီးမီးယားလိဂ်မှာကျင်လည်နေတာ နှစ် ၂၀ ရှိနေပြီဖြစ်ပြီး နယူးကာဆယ် နဲ့ ဗီလာတို့မှာ ကစားခဲ့ပြီးနောက် မန်စီးတီး နဲ့ လီဗာပူးမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်သားက အလုပ်ကြိုးစားတာ နဲ့ အရက်ရှောင်တာက အခုလိုမျိုးရှည်ကြာစေတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ဒီလိုအသက်အရွယ်မှာ မင်းဘာလုပ်နိုင်လဲဆိုတာ တွေးနေမိမှာပါ။ အရက်က တကယ်မကောင်းတဲ့အရာပါ။ ကျွန်တော် မလုပ်ပါဘူး။ လေ့ကျင့်ခန်းဆင်းပြီးရင် ကျွန်တော် ဂိမ်းထဲမှာထက် အပြင်မှာ ကော်နာ နဲ့ ဖရီးကစ်တွေလေ့ကျင့်ပါတယ်။  အဲ့တာက ပြောင်းလဲစေတာပပါ။ လေ့ကျင့်ခန်းပြီးတိုင်း ကျွန်တော် အဲ့လိုမျိုးနေ့တိုင်းလုပ်ပါတယ်။ အသက်ကြီးလာပြီဆို လေ့ကျင့်ခန်းပြီးတိုင်း ဘောလုံးကို မထိနိုင်တော့ပါဘူး။  အိမ်ပြန်ရောက်ရင်လည်း ကျွန်တော် ယောဂကျင့်ပါတယ်။ ဘောလုံးမှာက တခါတလေ ဆိုးဝါးတဲ့အရာတွေဖြစ်တတ်ပပါတယ်။ အဲ့တာကြောင့် အကောင်းဆုံး မလုပ်ထားရင် အဆင်မပြေနိုင်ပါဘူး”လို့ မီလ်နာက ပြောကြားခဲ့ပါတယ်။

မီလ်နာဟာ ပရီးမီးယားလိဂ် ၃ ကြိမ်ရရှိထားပြီး ၁ ကြိမ်ကို လီဗာပူး နဲ့ ၂ ကြိမ်ကို မန်စီးတီးနဲ့ရရှိထားကာ အက်ဖ်အေဖလားတော့ ၂ သင်းစလုံးနဲ့အတူရထားပါတယ်။ ချန်ပီယံလိဂ်ကိုတော့ လီဗာပူးအသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် တော့တင်ဟမ်နဲ့ပွဲကို နာပိုလီနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လွဲချော်ဖို့များနေပါတယ်။


#လီဗာပူး #မီလ်နာ #ပရီးမီးယားလိဂ်