ရှေ့သို့
Image

ဟာလန်းရဲ့ ဒဏ်ရာ အခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

10:14 AM, 5 November

မန်စီးတီး နည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းတစ်ယောက်  နောက်ဆုံး ၂ ပွဲဆက် လွဲချော်ခဲ့ပြီးနောက် ပိုကောင်းလာတယ်လို့ ပြောကြားလိုက်ကာ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီကလည်း တိုက်စစ်မှူး ဝီလ်ဆင်ရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်နေပါတယ်။ ဟာလန်းဟာ လက်စတာကို အနိုင်ရရှိခဲ့တဲ့ပွဲကော ၊ ဆီဗီလာကိုအနိုင်ရရှိခဲ့တဲ့ပွဲကိုပါ လွဲချောာ်ခဲ့ကာ အဆိုပါ ၂ ပွဲစလုံးကို အယ်လ်ဗာရက်ဇ်က ဦးဆောင်ခဲ့ပါတယ်။

နော်ဝေသားဟာ အခုရာသီ ၁၁ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ကြာသပတေးနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာ ခြေထောက်ပြဿနာအနည်းငယ်ရှိခဲ့ပေမယ့် အခုတော့ ပိုကောင်းလာခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းတစ်ယောက် လာမယ့်စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

“သူ(ဟာလန်း) ပိုတော့ကောင်းလာပါတယ်။ သူလေ့ကျင့်ခန်းကောင်းကောင်းဆင်းနိုင်မယ်ဆိုရင် ဒီနေ့မှာ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ အခုနေ့လည်မှာ လေ့ကျင့်ခန်းဆင်းပြီး ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

တကယ်လို့ ဟာလန်းမပါဝင်နိုင်ဘူးဆိုရင် စီးတီးတိုက်စစ်ကို အယ်လ်ဗာရက်ဇ်က ၃ ပွဲဆက် ဦးဆောင်ရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာက အကန်ဂျီတစ်ယောက် စနေနေ့မှာ ပါဝင်လာနိုင်ဖွယ်ရှိနေပြီး အင်္ဂလန်အတွဲဖြစ်တဲ့ ကိုင်လီဝေါ်ကာနဲ့ ဖီးလစ်တို့တော့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။ နယူးကာဆယ်တိုက်စစ်မှူး ဝီလ်ဆင်ကကတော့ အဖျားဝေဒနာရှိနေပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

“ကျွန်တော် ဒီအပတ်မှာ အနည်းငယ်ဖျားနေခဲ့ပါတယ်။ အဲ့တာကို ပြန်လည် သက်သာအောင်လုပ်ရပါဦးမယ်”လို့ ဝီလ်ဆင်က ပြောကြားခဲ့ပါတယ်။ ဟိုဝီကတော့ ပွဲကြို သတင်းစာရှင်းပွဲမှာ “မှန်ပါတယ်။ သူအဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူအနည်းငယ်အေးစက်နေဆဲပါ။ သူပါဝင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #နယူးကာဆယ် #ဂွါဒီယိုလာ #ဟာလန်း #ဟိုဝီ