ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတိပေးစကားဆိုလိုက်တဲ့ အူဘာမီယန်း

1:23 PM, 4 November

ချဲလ်ဆီးအသင်းတိုက်စစ်မှူး အူဘာမီယန်းက အာဆင်နယ်အသင်းနဲ့ရင်ဆိုင်မယ့်ပွဲမတိုင်ခင် ပုဂ္ဂိုလ်ရေးမပါဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

ဂါဘွန်သားဟာ အာဆင်နယ်အတွက် ၁၆၃ ပွဲမှာ ၉၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဇန်နဝါရီတုန်းက အသင်းနဲ့ ၂ ဦး ၂ ဖက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားဟာ ဒေါ့မွန်ကနေ အာဆင်နယ်ထံပြောင်းလာပြီးနောက် ၄ နှစ်ကြာ မြောက်လန်ဒန်မှာာ ဖြတ်သန်းခဲ့ကာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာမှာ ၆ လတာကာလကိုဖြတ်သန်းခဲ့ပြီးနောာက် အူဘာမီယန်းဟာ ပရီးမီးယားလိဂ်ပြန်လာခဲ့ပြီး ချဲလ်ဆီးကို ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

တူချယ်ကြောင့်ပြောင်းလာခဲ့တာဆိုပေမယ့် အခုချိန်မှာတော့ ပေါ်တာလက်အောက်မှာကစားနေရတာဖြစ်ပါတယ်။

“အာဆင်နယ်လား။ ကျွန်တော်တို့ကြားမှာ ပုဂ္ဂိုလ်ရေးမရှိပါဘူး။ ကျွန်တော် ပြန်လာပါပြီ။ ကျွန်တော်က အပြာရောင်ပါ။ အဆင်သင့်လည်းဖြစ်ပါပြီ”လို့ အူဘာမီယန်းက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဘရိုက်တန်ကို ၄-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ပေါ်တာလက်အောက် ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အာဆင်နယ်ဟာ ချဲလ်ဆီးအသင်းနဲ့ပွဲမတိုင်ခင် ၁၂ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲအနိုင်ရရှိထားပြီး မန်စီးတီးကို ၂ ဖြတ်ဦးဆောင်နေပါတယ်။

ချဲလ်ဆီးဟာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ ၁၀ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေပြီး ရိစ်ဂျိမ်း ၊ ကီပါ နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘန်ချီဝဲလ်ထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #အူဘာမီယန်း #ပေါ်တာ #ပရီးမီးယားလိဂ်