ရှေ့သို့
Image

ဘန်ချီဝဲလ် ဒဏ်ရာရခဲ့ပြီးနောက် ဘာပြောခဲ့လဲဆိုတာ မေဆင်မောင့် ထုတ်ဖော်လာ

1:07 PM, 4 November

ချဲလ်ဆီးစတား ဘန်ချီဝဲလ်တစ်ယောက် ဒိုင်နမိုဇာဂရက်ကို အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။

အင်္ဂလန်ဘယ်နောက်ခံလူဟာ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲအတွင်း ဘယ်ဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆေးအဖွဲ့ဝန်ထမ်း ၂ ယောက်အကူအညီနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဖော် မေဆင်မောင့်ကတော့ ချီဝဲလ်ရဲ့ဒဏ်ရာအခြေအနေဟာ ဆိုးဝါးတယ်လို့ ဆိုခဲ့ပါတယ်။ “ကြည့်ရတာ အခြေအနေမကောင်းပါဘူး။ အဲ့တာက တံကောက်ကြောဒဏ်ရာပါ။ ကျွန်တော်တို့စစ်ဆေးရပါဦးမယ်”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။

ချီဝဲလ်တစ်ယောက် အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပွဲတွေမှာ ပါဝင်နိုင်ဖို့ မသေချာတဲ့အနေအထားဖြစ်လာပါတယ်။

တော့တင်ဟမ်အသင်းကလည်း ဆွန်ဟောင်မင်တစ်ယောက် မျက်လုံးနားမှာ ခွဲစိတ်မှုတစ်ခုပြုလုပ်ရမယ်လို့ အတည်ပြုခဲ့ပြီး ကိုရီးယားအသင်းမှာပါဝင်နိုင်ဖို့ ရာခိုင်နှုန်းနည်းနေတာဖြစ်ပါတယ်။

လီဗာပူးစတား ဂျိုတာကတော့ ပေါင်ခြံဒဏ်ရာကြောင့် ပေါ်တူဂီအသင်းနဲ့ကမ္ဘာ့ဖလားပါဝင်နိုင်ဖို့ မသေချာတော့ပဲ ဗာရာနီကလည်း တံကောက်ကြောဒဏ်ရာကြောင့် မသေချာသလို ပေါ့ဂ်ဘာ နဲ့ ကန်တီတို့လည်း ပါဝင်နေပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့် #ပေါ်တာ #ဘန်ချီဝဲလ် #ပရီးမီးယားလိဂ်