ရှေ့သို့
Image

ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဒဏ်ရာရရှိသွားခဲ့တဲ့ ဂျာမနီ တိုက်စစ်မှူး တီမိုဝါနာ

3:33 PM, 3 November

ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ယမန်နေ့ည ရှက်တာဒိုးနက်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာတော့ကြောင်း သိရပါတယ်။

လိုက်ပ်ဇစ်တို့ ရှက်တာဒိုးနက်ကို ၄ဂိုးပြတ် အနိုင်ရကာ အုပ်စု F ဒုတိယနေရာကနေ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်နဲ့ ဂျာမနီအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာကတော့ အဓိက တိုက်စစ်မှူး ဝါနာ ခြေကျင်းဝတ် ဒဏ်ရာပြဿနာကြောင့် ပွဲအစပိုင်းမှာ ဒဏ်ရာရကာ ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားရတာပဲ ဖြစ်ပါတယ်။

ဝါနာဟာ ချဲလ်ဆီးအတွက် ကစားပေးစဉ် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လိုက်ပ်ဇစ်ကို ပြန်လာချိန်မှာတော့ ဂိုးတွေပြန်ရလာကာ ပြိုင်ပွဲစုံ ၁၆ပွဲကစားရာမှာ ၉ဂိုး သွင်းယူကာ ၄ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

#ဂျာမနီ #ချဲလ်ဆီး #ဝါနာ #၂၀၂၂ကမ္ဘာ့ဖလား