ရှေ့သို့
Image

အာဆင်နယ် အသင်းဘက်ကသာ စာချူပ်သစ်အတွက် ကမ်းလှမ်းမယ်ဆိုပါက သက်တမ်းတိုးဖို့ အသင့်ရှိနေတဲ့ မာတင်နယ်လီ

2:58 PM, 3 November

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းတွေရရှိကာ ရမှတ်တွေ ဆက်တိုက်စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားအဆင့် ၁ နေရာကို တက်လှမ်းထားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်မာတင်နယ်လီက အာဆင်နယ်အသင်း တာဝန်ရှိသူတွေဘက်ကသာ စာချူပ်သစ်အတွက် ကမ်းလှမ်းတာမျိုးရှိခဲ့ပါက လက်မှတ်ထိုးဖို့ အသင့်ရှိတဲ့အကြောင်း ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အာဆင်နယ်အသင်းနဲ့အတူ တောက်ပတဲ့ ခြေစွမ်းပိုင်းတွေကို ပြသထားနိုင်ခဲ့တဲ့ ဘရာဇီးစတား မာတင်နယ်လီက ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမဲ့ နည်းပြအာတီတာရဲ့ အာဆင်နယ် အသင်းမှာသာ ဆက်နေသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာသာ အနာဂတ် မြှပ်နှံထားဖို့ ဆန္ဒရှိတဲ့ အကြောင်းကို ဂန်းနားတပ်သားတစ်ဦးဖြစ်တဲ့ မာတင်နယ်လီက“ကျွန်တော် အာဆင်နယ်အသင်းမှာ ကစားရတာ အရမ်းပျော်ရွှင်နေတဲ့ အကြောင်းကို အကြိမ်များစွာ ပြောပြဖူးပါတယ်” “ဒါက ကျွန်တော့်စိတ်ကြိုက်အသင်းဖြစ်ပြီး အာဆင်နယ်အသင်းကို ချစ်မြတ်နိုးမိသလို လန်ဒန်မြို့ကြီးမှာ နေရတာကိုလည်း နှစ်သက်နေပါတယ်” “အာဆင်နယ်အသင်းနဲ့ ပက်သက်တဲ့ အရာရာတိုင်းကို ချစ်ခင်နေမိတာကြောင့် စာချူပ် သစ်အတွက်ဆိုရင် ဖောင်တိန် တစ်ချောင်းသာ ထိုးပေးလိုက်ဖို့ ပြောချင်ပါတယ်”လို့ အာဆင်နယ်အသင်းမှာ ဆက်နေမလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီနယ်လီ #ပရီးမီးယားလိဂ်