ရှေ့သို့
Image

မျက်နှာမှာ အရေပြားကင်ဆာ ရှိတာကြောင့် ခွဲစိတ်မှု ၃ ကြိမ်အထိ ခံယူခဲ့ရဖူးပါတယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ ဘိုင်ယန်မြူးနစ်စတား နူအာ

10:19 AM, 3 November

မျက်နှာမှာ အရေပြားကင်ဆာရှိပါတယ်လို့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက ပြောကြားလိုက်တာဖြစ်ပြီး အဆိုပါရောဂါကြောင့်ပဲ ခွဲစိတ်မှု ၃ ကြိမ်အထိ ခံယူခဲ့ရတာဖြစ်ပါတယ်။

ခွဲစိတ်မှု ၃ ကြိမ်ခံယူခဲ့ရပြီးနောက် ဂိုးသမားဟာ ကမ္ဘာ့ဖလားမှာ ဂျာမနီ အတူမပါဝင်နိုင်ဘူးလို့ စဉ်းစားထားလို့မရကြောင်း ဂျာမနီရှိသတင်းတွေ ဖော်ပြထားပါတယ်။ သူဟာ အရေပြားကင်ဆာခံစားနေရကြောင်း အင်စတာဂရမ်မှာ နူအာက ပို့စ်တင်ခဲ့တာဖြစ်ကာ တင်းနစ်ကစားသမားဖြစ်တဲ့ ခါဘာလိုပဲ နေရောင်ခြည်ကာကွယ်တဲ့ ခရင်မ်တစ်မျိုးကို သုံးနေရတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ ၂ ဦးစလုံးက အရေးပြားဆိုင်ရာ ရောဂါရှိခဲ့ကြသူတွေပါ။ ကျွန်တော့်ရဲ့ ရောဂါဟာဆိုရင် မျက်နှာက အရေပြားကင်ဆာဖြစ်ပြီး ၃ ကြိမ်အထိ ခွဲစိတ်ဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်" "နေရောင်ခြည်ကာကွယ်တဲ့ ခရင်မ်ကိုသုံးထားတာကြောင့် ကာကွယ်မှုပိုမိုရရှိခဲ့တာဖြစ်ပါတယ်" "ကျွန်တော်တို့ဟာ အပြင်မှာ တစ်ချိန်လုံး လေ့ကျင့်နေရတာဖြစ်သလို အားလပ်ချိန်တွေကိုလည်း သဘောဝအတိုင်းပဲ ကုန်ဆုံးတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ခေတ်မီ နေရောင်ခြည်ကာကွယ်သည့် အရာများနှင့် ၅၀+ နေရောင်ကာကွယ်မှုတို့က အရေးပါတဲ့ အချက်တွေပဲဖြစ်ပါတယ်" "ဒါကြောင့် ဆက်တိုက်ကာကွယ်မှုရရှိဖို့ ပြင်းထန်တဲ့ နေလောင်မှုမရှိဖို့ နေရောင်ခြည်ကာကွယ်ခရင်မ် သေချာပေါက်လိမ်းဖို့လိုနေတာ သိခဲ့ရပါတယ်" လို့ နူအာက ပြောပါတယ်။

အဆိုပါက ကိစ္စဟာ ၂၀၂၁ခုနှစ် ဒီဇင်ဘာမှာ ဖြစ်ခဲ့တာ ဖြစ်နိုင်ကြောင်း ကောလာဟလ ထွက်နေတာဖြစ်ပြီး အသက် ၃၆နှစ်အရွယ် ကစာသမားဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဘာစီလိုနာနှင့် ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ မျက်နှာတွင် ပလာစတာတစ်ခုကို ကပ်ထားတာဖြစ်ပါတယ်လို့ Bild က ဖော်ပြထားပါတယ်။ ကင်ဆာရောဂါကို ကုသဖို့အတွက် ခွဲစိတ်မှု ၃ကြိမ်ခံယူခဲ့ရတဲ့ နူအာရဲ့ မျက်နှာမှာ အခုချိန်ထိ အမာရွတ်ရှိနေတုန်းဖြစ်ပါတယ်။

ပုခုံးဒဏ်ရာ မရရှိမီ ဂျာမန်သားဟာ ဘိုင်ယန်မြူးနစ်ရဲ့ ပထမဆုံးလိဂ်ပွဲ ၉ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့်ပဲ အောက်တိုဘာ အစောပိုင်းကတည်းက နားနေခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် နူအားဟာ သူ့ရဲ့ကြံ့ခိုင်မှုအတွက် ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး သူ့ရဲ့ကင်ဆာရာဂါဟာ လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ အတားအဆီမဖြစ်နိုင်ဘူးလို့လည်း ယုံကြည်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဟာ အသင်းမှာရှိခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း ဘွန်ဒက်စ်လီဂါဆုဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိထားပါတယ်။ သူ့ရဲ့ခေတ်မှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နူအာအတွက် ကာတာမှာကျင်းပမယ့်ပွဲဟာ သူ့ရဲ့နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်ဖွယ်ရှိနေပြီး ၂၀၀၉ ခုနှစ်တွင် ပထမဆုံး ပွဲထွက်ခဲ့ပြီးနောက် အသင်းခေါင်းဆောင်အဖြစ် ၁၁၃ ပွဲအထိ ကစားပေးထားသူဖြစ်ပါတယ်။

ဂိုးသမားဟာ ဒီတစ်ပတ်မှာ ဘိုင်ယန်နှင့်အတူ လေ့ကျင့်ခန်း ဆင်းခဲ့တာဖြစ်ပြီး ကာတာမှာ ကစားမယ့် ဟန်ဆီဖလစ်ခ်ရဲ့ ၂၆ ဦး ကစားသမားစာရင်းမှာ ပါဝင်ဖို့ ကြိုးစားအားထုတ်နေတာဖြစ်ပါတယ်။ နူအာ မပါဝင်လည်း ဂျာမနီမှာ ရွေးချယ်စရာဂိုးသမား အများအပြားရှိနေတာဖြစ်ပြီး ဘာစီလိုနာစတား တာစတီဂန်၊ လက်စွမ်းပြသနေတဲ့ ဖရန့်ဘတ်က ဂိုးသမား ကီဗင်ထရပ်တို့ရှိနေပါတယ်။

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #နူအာ