ရှေ့သို့
Image

ပေါ်တိုကို အရေးနိမ့်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာပါ ဝင်ရောက်ကစားခွင့်ကနေ လွဲချော်ခဲ့ရတဲ့ အက်သလက်တီကို

3:06 PM, 2 November

လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အပြင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၆)အဖြစ် ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် ၂ဂိုး - ၁ဂိုး ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် အုပ်စုအမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ရောက်ရှိကာ ယူရိုပါလိဂ် ပြိုင်ပွဲဝင်ရောက်ကစားခွင့်ကနေ ထပ်မံလွဲချော်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

အုပ်စုအတွင်း ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လေဗာကူဆင်အသင်းက ကလပ်ဘရုဂျက်စ် အသင်းနဲ့ ပွဲစဉ်မှာ သရေ ၁မှတ် ရယူနိုင်ခဲ့တာကြောင့် ပေါ်တိုကို အရေးနိမ်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းအတွက်တော့ ဇယားအောက်ခြေကို ရောက်ရှိဖို့ အကြောင်းဖန်သွားခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဆီမြွန်နီကိုင်တွယ်နေတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း ပါဝင်နေတဲ့ အုပ်စု (ခ) မှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းက အုပ်စုဗိုလ်နဲ့ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်စ်အသင်းက အုပ်စုဒုတိယနေရာမှ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကာ ကလပ်ဘရုဂျက်စ် အသင်းကို သရေကစားကာ အုပ်စုတတိယနေရာကို ရောက်ရှိခဲ့တဲ့ ဂျာမန်ကလပ် လေဗာကူဆင် အသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့် ရထားခဲ့ပေမဲ့ နာမည်ကျော် ထိပ်တန်းကစားသမား အများစုနဲ့ စုဖွဲ့ထားတဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကတော့ အုပ်စုတွင်းအမှတ်ပေးဇယားမှာ အဆင့် ၄နေရာကို ရောက်ရှိကာ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။

#အက်သလက်တီကို #ဆီမြွန်နီ #ချန်ပီယံလိဂ် #ပေါ်တို