ရှေ့သို့
Image

ဒယ်လီအယ်လီက ထင်တာထက်ပိုဆိုးနေတယ်လို့ ဘက်ဆစ်တက်နည်းပြ ဝေဖန်

4:49 PM, 1 November

ဘက်ဆစ်တပ်နည်းပြက ထင်ထားတာထက်ပိုဆိုးနေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာကြောင့် တော့တင်ဟမ်လူငယ်ကြယ်ပွင့်ဟောင်း ဒယ်လီအယ်လီရဲ့ ကစားသမားဘဝကတော့ နောက်တစ်ဆင့်ထပ်ကျရဖို့ ရှိနေပါတယ်။

တူရကီစူပါလိဂ်ကစားလျက်ရှိတဲ့ အယ်လီဟာ တော့တင်ဟမ်မှာ ၇ နှစ်ကြာကစားခဲ့ပြီးနောက် အဲဗာတန်ကိုရောင်းထုတ်ခံခဲ့ရပါတယ်။ အဲဗာတန်မှာလည်း နည်းပြဖရန့်လမ်းပတ်လက်အောက်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဘက်ဆစ်တတက်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီအပြောင်းအရွှေ့ကနေ ၂၆ နှစ်အရွယ် ကစားသမားရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့်လည်း နည်းပြဆီနိုလ်ဂန်းနက်စ်ရဲ့  မှတ်ချက်ကြောင့် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။

ပြည်တွင်းက အဓိကပြိုင်ဘက် ဂါလာတာစာရေးနဲ့ပွဲမတိုင်မီ နည်းပြဂန်းနက်စ်က “အခုထိတော့ ကစားသမားတွေအပေါ် ဘာဖိအားမှမပေးသေးပါဘူး။ အခုတော့ ကစားသမားတွေဆီက အကောင်းဆုံးခြေစွမ်းကို ကောင်းကောင်းထိန်းနေပေမယ့် ဒယ်လီအယ်လီကိုတော့ ဘာမှလုပ်ပေးလို့မရပါဘူး။ ဒယ်လီအယ်လီကို ကစားသမားတစ်ယောက်အနေနဲ့ မဟုတ်ပဲ ဆွေးနွေးကြည့်ရင်တောင် သူ့ရဲ့အရည်အသွေးတွေက ထင်ထားတာထက် အများကြီးပိုဆိုးနေပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ဂန်းနက်စ်ဟာ ဘက်ဆစ်တက်နည်းပြအဖြစ် ပြီးခဲ့တဲ့အပတ်ကမှ ခန့်အပ်ခံခဲ့ရတာဖြစ်ပေမယ့် တူရကီမှာ ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အယ်လီကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ကြယ်ပွင့်ဟောင်းဟာ တူရကီဆီကနေ မျှော်လင့်ချက်ကြီးကြီးမားမား ထားခံခဲ့ရသူဖြစ်ပေမယ့်လည်း နွေရာသီမှာ အသင်းပြောင်းပြီးကတည်းက သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ရထားပါတယ်။

ကနဦးအငှားပြောင်းရွှေ့မှာဖြစ်ပြီး သြဂုတ်လမှာ ပေါင် ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းထားပေမယ့်လည်း လက်ရှိအချိန်ထိ ၇ ပွဲသာ ကစားခွင့်ရထားပါသေးတယ်။ ဘက်ဆစ်တက် ကစားသမားဘ၀ ဒုတိယမြောက်ပွဲစသ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းကတော့ ထင်သလောက် မတိုးတက်လာပါဘူး။

၂၆ နှစ်သားဟာ ဘန်လေကနေ အငှားလာကစားနေသူဖြစ်တဲ့ ဝုထ်ဝက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက်ကို အဆုံးသတ်ကာ ဂိုးသွင်းယူခဲ့တာပါ။ ဒါပေမယ့် အဆိုပါဂိုးသွင်းပြီးနောက်ပိုင်း စူပါလိဂ် ၆ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

#တော့တင်ဟမ် #ဘက်ဆစ်တက် #အယ်လီ #ပရီးမီးယားလိဂ်