ရှေ့သို့
Image

ဆာကာရဲ့ခြေကျင်းဝတ်ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ အင်္ဂလန်

9:25 AM, 1 November

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင် တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းကောင်းကြားခဲ့ရပါတယ်။ ဆာကာဟာ နော်တင်ဟမ်ဖောရက်စ်ကို ၅ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားရတာကြောင့် အာဆင်နယ်နဲ့အင်္ဂလန်အတွက် စိုးရိမ်စရာအခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ ဆေးအဖွဲ့ဟာ အာဆင်နယ်ဆေးအဖွဲ့ကို ဆက်သွယ်ကာ ဆာကာရဲ့ ဒဏ်ရာ အခြေအနေအပေါ် မေးမြန်းခဲ့ပြီးနောက် ကနဦးသတင်းကောင်းကြားခဲ့ရကြောင်း သိရပါတယ်။ ဆာကာဟာ ကနဦးစစ်ဆေးမှုတွေ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး မကြာခင် အသေးစိတ်စစ်ဆေးမှုတွေခံယူရဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်တုန်းကလည်း ယခုလို သတင်းကောင်းကြားခဲ့ရပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာက ထင်ထားတာထက် ပိုဆိုးနေတာကြောင့် ဆာကာလည်း သတိထားဖို့လိုအပ်ပါသေးတယ်။ ဒါပေမယ့် ဆာကာ တစ်ယောက် နောက်ထပ် စစ်ဆေးမှုတွေမှာ ဒဏ်ရာတွေ ထပ်မထွက်လာခဲ့ရင်တော့ ကမ္ဘာ့ဖလားမှာ ထည့်သွင်းနိုင်ဖို့ အက်ဖ်အေက မျှော်လင့်နေပါတယ်။

ယခုသတင်းကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ အာဆင်နယ်နည်းပြ အာတီတာတို့အတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

#အင်္ဂလန် #အာဆင်နယ် #ဆာကာ #ပရီးမီးယားလိဂ်