ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမတိုင်ခင် စီနီယာစတား ၂ ဦး ပြန်လာနိုင်ခဲ့တဲ့ အာဆင်နယ်

10:44 AM, 30 October

စနေနေ့မှာကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမတိုင်ခင် စီနီယာစတား ၁ ဦးဖြစ်တဲ့ အယ်လ်နီနီတစ်ယောက် အသင်းနဲ့လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အီဂျစ်သားဟာ ပါတေးမပါနိုင်တုန်းက ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်စာချုပ်သစ်ပါ ချုပ်ဆိုခွင့်ရခဲ့တာဖြစ်ပါတယ်။ 

အယ်လ်နီနီဟာ ဒီရာသီမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ မျှော်လင့်နေပြီး အထူးသဖြင့် ယူရိုပါလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ အလိုရှိနေပါတယ်။

ဒါပေမယ့် ဖူလ်ဟမ်ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကာလရှည်နားနေရတာဖြစ်ပြီး အခုအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဗွီနဲ့ပွဲကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့တဲ့ မာကွင်ဟို့စ်လည်း ပြန်လာနိုင်ပြီဖြစ်ကာ ဇင်ချန်ကိုကတော့ လေ့ကျင့်ခန်းအပြည့်မဆင်းနိုင်သေးပဲ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

ပီအက်စ်ဗွီကိုအရေးနိမ့်ခဲ့တာကြောင့် အာတီတာဟာ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတိုးတက်လာဖို့ တောင်းဆိုထားပါတယ်။ အာဆင်နယ်ဟာ လက်စတာကို စီးတီးအနိုင်ရရှိခဲ့တာကြောင့် နော်တင်ဟမ်ဖောရက်စ်ကို မဖြစ်မနေ အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။

ပီအက်စ်ဗွီနဲ့ပွဲအပြီးမှာ အာတီတာက “ကျွန်တော် အရမ်း စိတ်ပျက်မိပါတယ်။ အချိန်အတော်ကြာနိုင်ပွဲဆက်နေတာ ရပ်တန့်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယယ်။

ပီအက်စ်ဗွီကို ဂုဏ်ပြုပါတယ်။ သူတို့က ဒီနေ့မှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ လိုချင်တဲ့အဆင့်မျိုးမရောက်ခဲ့ပါဘူး။ နိုင်ပွဲရဖို့တောင် ခက်ခဲခဲ့ပါတယ်။

ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို ဘောလုံးကိုလည်း လိုသလိုမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးအပျက်များခဲ့သလို သူတို့ကို အခွင့်အရေးတွေပေးမိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အယ်လ်နီနီ #မာကွင်ဟို့စ် #ပရီးမီးယားလိဂ်